ငါ့အသည်းတွေ
တစ်စစီခွဲချင်လို့များ
မုသားချိုချိုတွေ
ပြောခဲ့တာလား။
ငါဆိုတဲ့လူ
မင်းဖိတ်ခေါ်မှ
အတူတူလမ်းတွေ
လျှောက်ခဲ့ဖူးတာပါ။
ငါ့ကိုချစ်တယ်ပြော
ငါ့လိုပဲ….
နောက်တစ်ယောက်ကို
ဘာမှမသိကြားပါဘူး။
ငါ…ဆိုတဲ့ရင်ခွင်
မင်းမပျော်မှန်းသိလို့
လက်ကမ်းတွေမလှမ်းခဲ့တာ..။
ငါ….မက်မောတာအချစ်စစ်
မင်း..မက်မောတာကိန်းဂဏန်း
သွားပြီးချစ်သူရယ်…
မင်းနဲ့ငါ ရှင်သန်မှုလွဲပြီ။
နေခဲ့ပါတော့မယ်။
ငါ့အချစ်တွေမြေမြုပ်လိုက်ပါတော့မယ်။
မင်းကိုချစ်တဲ့အချစ်တွေနဲ့
ငါပျော်နေသလို
မင်းလည်းကိန်းဂဏန်းတွေကြောင့်
ပျော်ရွှင်နေမှာပါ။
No comments:
Post a Comment