Sunday, August 2, 2015

သူမအတွက်​ မသကိန်း​လေးတစ်​လုံးအဖြစ်

ရင်ဘတ် ကို စာလုံးပေါင်းချလိုက်တဲ့နေ့ ကပေါ့

တစ်စုံတစ်ခုက ပြောင်းလဲစေခဲ့တယ်

မုသားတွေဆိုဖြစ်ခဲ့တဲ့ ညနေတစ်ခုက
ကျွန်တော့်အောင်မြင်မှု……….

အလိုရမ္မက်ကဦးဆောင်ခဲ့တာဆို
ကျွန်တော်က ကိုယ့်ဖာသာမပိုင်တဲ့သဘော သက်ရောက်ခဲ့တယ်

ရင်ထဲက လှိုက်လှိုက်လှဲလှဲ နိုးထတဲ့အချိန်
မှန်ထဲက ပုံရိပ်က လူ့ အလွှာအောက်ကလူတစ်ယောက်

သူမနဲ့ ကျွန်တော်..ညီမျှကြည့်တော့
သူမက…..December
ကျွန်တော်က….January
ဟိုဘက်ပြက္ခဒိန်နဲ့ ဒီဘက်ပြက္ခဒိန်
နီးနေခဲ့တယ်
သူမဆီသွားတော့……ကျွန်တော်………………………………………..

တန်ဖိုးမတူတဲ့ အရာတွေပေါင်းစပ်တော့
အချိုးမတူတဲ့…ထောင့်တွေပေါင်းတော့
ညီမျှခြင်းတွေချဖို့ …….စာမျက်နှာမရှိတဲ့အခါ
ကျွန်တော်က…သူမအတွက်…မသိကိန်းလေးတစ်လုံးဖြစ်ခဲ့ဖူးတယ်

ကြာခဲ့ပါပြီ………….(X +သူမ =?)


No comments:

Post a Comment