Sunday, August 2, 2015

နင်​နဲ့ငါ့ရဲ့ကြား

အဲ့နေ့က မတွေ့ခဲ့ရင်ကောင်းမယ်။
အဲ့လိုမျိုး မခင်ခဲ့ရင် ကောင်းမယ်။
နင်ငါ့ကို မကြင်နာရင်ကောင်းမယ်။

ငါနဲ့နင် တွေ့ခဲ့တယ်။
ငါနဲ့နင် သိပ်ခင်ခဲ့တယ်။
ငါ့ကို နင် ကြင်နာခဲ့တယ်။

နင့်မှာ ချစ်ရမယ့်သူရှိတယ်။
နင့်မှာ နင့်ကိုထားသွားခဲ့သူရှိတယ်။
နင့်ကို အားပေးနေတဲ့ ငါရှိတယ်။

နင်ရဲ့ အဝေးကို ထွက်သွားသူရှိတယ်။
နင့်ဆီလုံးဝ ပြန်မလာသူရှိတယ်။
အဝေးကို ထွက်သွားပေမယ့် နင့်နားကို ငါနေချင်တယ်။

နင်ချစ်ခဲ့တဲ့လူရှိတယ်။
နင်ကို့ ပျော်စေတဲ့လူရှိတယ်။
နင့်ကို ချစ်တဲ့ ငါရှိတယ် ။


No comments:

Post a Comment