Sunday, August 2, 2015

မင်းဖြစ်​​နေလို့​ကျေနပ်​ပါတယ်

သံသယမရှိနဲ့….
အသည်းကွဲမှာမကြောက်လို့မင်းကိုချစ်ခဲ့တာ…..
ကန္တရာခရီးကိုဖြတ်ရဲမှတော့
အိုအေစစ်ဆိုတာငါ့အတွက်မလိုပါဘူး….
မင်းစိတ်ကြိုက်ရက်စက်လိုက်စမ်း
မင်းဘာပဲလုပ်လုပ်
မင်းဖြစ်နေလို့ငါကျေနပ်တယ်…….
စုတ်ပြတ်နေတဲ့ ငါ့မာနတွေ
ဖွာလန်ကြဲနေလဲ……
စုတ်ဖြဲခဲ့သူကမင်းဖြစ်နေလို့
ငါကျေနပ်တယ်
မင်းဖိနပ်ပါးပါးအောက်က ငါ့အချစ်တွေ….
ကျိန်စာသင့်နေပေမယ့်
နင်းခြေတဲ့သူကမင်းဖြစ်နေလို့
ငါကျေနပ်တယ်………..
အရာရာမင်းသဘောပဲ…
မင်းနှလုံးသားခေါ်ဆောင်ရာနောက်
တရှိုက်မက်မက်လိုက်မိတဲ့ငါ
ဒဏ်ရာတွေဘယ်လောက်များနေပါစေ
နာကြင်ရတဲ့အရင်းခံက မင်းဖြစ်နေလို့
ငါကျေနပ်နေဦးမှာပဲဆိုတာ
မင်းတစ်ယောက်သိစေချင်တယ်…………..။


No comments:

Post a Comment