နတ်ပြည်နဲ့ ငရဲပြည်
ခြားထားတဲ့ တံတားတစ်စင်း။
တဖက်က ပူသလို
တဖက်က အေး၏….။
မညီမျှတဲ့ညီမျှခြင်း
အီကွေးရှင်း ဘယ်သူမှ မညှိ
အဆုံးမရှိတဲ့ လမ်း
အစမဟုတ်တဲ့ လမ်း
နာမည်မရှိတဲ့ လမ်း
လျှောက်လို့ မရတဲ့လမ်း….
တံတား တစင်းပေါ်ငါလျှောက်
တခါတရံ
အေးမြ၏
တခါတရံ
ပူလောင်၏…
သင်္ချာတစ်ပုဒ်
ငါတွက်ကြည့်သည်
တစ်ခါတစ်ရံ
ညီမျှခြင်းချ
တစ်ခါတရံ
ငါ နုတ်ကြည့်သည်
တစ်ခါတရံ
ငါပေါင်းကြည့်သည်
တစ်ခါတရံ
ငါ လက်ကလေးထောက်စဉ်းစားမိသည်…..
ဒီလမ်းငါ ဘယ်လို ရောက်လာသလဲ
ဒီလမ်းငါ ဘယ်လို လျှောက်ရမလဲ
ဒီလမ်းငါ………………….
ငါ နဲ့ မင်း
မင်းနဲ့ငါ
အဆုံးမရှိတဲ့
ချစ်ခြင်း နဲ့
ကြင်နာခြင်း ကောဇော
ငါခင်းပြလည်း
နားမလည်
စွန့်ခွာ ပစ်ပယ်ခဲ့သည့်မင်း
ငြင်း ပယ်မှုနဲ့လက်ခံမှု
ကြားထဲ ရောက်ခဲ့တဲ့ငါ
နတ်ပြည်က နတ်သက်ကြွေ
ဘာကြောင့် ငရဲပြည် ကို
ငါ ချက်ချင်းရောက်ရတာလဲ
ငါ နတ်သက်ကလည်းတိုလိုက်တာ….
အကြောင်းတချို့
back up လုပ်ကြည့် သည်
ဘာမှ တက်မလာ
error မရှိ
အကြောင်းမရှိပဲ
မြန်မာပြည် ကွန်နက်ရှင်လိုပဲ
ငါလေ သက်သက်မဲ့ deny လုပ်ခံရလေပြီ…..။
Sunday, August 2, 2015
Hell is good?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment