Monday, November 16, 2015

အချစ်​​ ​ကြောက်​​ရောဂါ အ​ကြောင်း

Philophobia(အချစ်ကြောက်ရောဂါ) အကြောင်းတစေ့တစောင်း

philophobia

Philophobia ဆိုတာ
Philophobiaဆိုတာ တကယ်တော့ ဂရိစာလုံးφίλος – filos, “beloved, loving” and φόβος – phobos,
“fear”ကနေဆင်းသက်လာတာပါ။လူတော်တော်များများကတော့ အချစ်ဆိုတာလူသားတွေအတွက်ချီးမြှင့်
ခံထားရတဲ့ မင်္ဂလာတစ်ပါးလိုယူဆပေမဲ့အချို့သောသူတွေကတော့အချစ်ဆိုတာရှောင်ရှားသင့်တဲ့အရာတစ်ခု
လို့ ယူဆထားကြပါတယ်။ချစ်မိခြင်းရဲ့ အကျိုးဆက်တွေကတော့ သူတို့ကိုအမြဲစိုးရိမ်ပူပန်နေစေပါတယ်။
ထိုကဲ့သို့ အခြေအနေကိုအချစ်ကြောက်ရောဂါလို့ခေါ်ပါတယ်။

အချစ်ကြောက်ရောဂါခံစားနေရသူတွေဟာများသောအားဖြင့်အချစ်နဲ့ပက်သက်ပြီး အတွေ့အကြုံဆိုးတွေ
ခံစားဖူးကြပါတယ်။ ကိုယ်တိုင်မခံစားဖူးရင်တောင်မှ ဘေးပတ်ဝန်းကျင်မှာ အချစ်နဲ့ ပက်သက်လို့ အမြဲ
မကောင်းတာတွေချည်းပဲ အမြဲတွေ့ရတဲ့အခါမှာထိုရောဂါရလာကြပါတယ်။ ဒါပေမဲ့များသောအားဖြင့်
သူတို့မှာအချစ်ကြောက်ရောဂါ ရှိတာသူတို့ကိုသူတို့သတိမထားမိကြပါဘူး။

ရောဂါလက္ခဏာများ
အချစ်ကြောက်ရောဂါခံစားနေရာသူတွေဟာအမြဲလိုလိုအချစ်နဲ့ပက်သက်လာရင် အမြဲမကောင်းတဲ့ဘက်က
တွေးပါတယ်။ကိုယ်ကတစ်ယောက်ယောက်ကို စိတ်လှုပ်ရှားနေရင်တောင်သူ့ကိုချစ်ကြောင်းကြိုက်ကြောင်း
ပြောပြဖို့ထက် အဲလိုပြောလိုက်ရင်ဘာတွေဖြစ်လာမလဲကစစဉ်းစားပါတယ်။ချစ်နေတာကိုမပြောသင့်ကြောင်း
အကြောင်းပြချက် များစွာကိုစိတ်ထဲမှာစတင်ရှာဖွေ ပါတော့တယ်။ ဒီရောဂါကယောင်္ကျားလေးတွေထက်
မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။အချစ်ကြောက်တဲ့သူတွေဟာတစ်ယောက်ယောက်နဲ့သံယောဇဉ်
ဖြစ်နိုင်မဲ့အခွင့်အလမ်းမှန်သမျှကိုရှောင်ရှားကြ ပါတယ်။ သူတို့စိတ်ထဲမှာတစ်စုံတစ်ယောက်အကြောင်းကို
ခနခနတွေးမိနေပြီဆိုရင်ပဲစစိုးရိမ်နေပါပြီ။ထိုသူ့ကိုမေ့ဖို့နည်းမျိုးစုံနဲ့စကြိုးစားပါတော့တယ်။ရောဂါပြင်းထန်
သူတွေ မှာဆိုရင် ချွေးပျံခြင်း၊ကတုန်ကယင်ဖြစ်ခြင်း၊အသက်ရှုကြပ်ခြင်း၊မေ့မျောခြင်းအထိတောင်ဖြစ်နိုင်ပါ
တယ်။အချစ်ကြောက်ရောဂါရှိသူတွေဟာအမြဲလိုလိုအချစ်ဇာတ်လမ်းတွေကြည့်ဖို့ကိုရှောင်ရှားလေ့ရှိပါတယ်။
နောက်ပြီးစုံတွဲတွေသွားလေ့ရှိတဲ့နေရာမျိုးတွေကိုသွားရမှာသေမလောက်ကြောက်လေ့ရှိပါတယ်။ဥပမာ
အင်းယားကန်ဘောင်လိုမျိုးပေါ့။မင်္ဂလာဆောင်တွေကိုသွားရခြင်းကလဲသူတို့အတွက် ငရဲတစ်ခုလိုခံစားရ
လေ့ရှိပါတယ်။ဒီရောဂါပြင်းထန်လာပြီဆိုရင်တော့ နေ့စဉ်လူနေမှုဘ၀ကိုအနည်းနှင့်အများထိခိုက်လေ့ရှိပါ
တယ်။

ကုသနည်းများ
ဒီရောဂါကိုတော့ ကျွမ်းကျင်သူများနှင့် အကြံပြုဆွေးနွေးခြင်း၊အိပ်ငွေ့ချကုသခြင်း၊စိတ်ပညာအရကုသခြင်းတို့
နဲ့ကုသနိုင်ပါတယ်။ CBT( cognitive behavioral therapy)လို့ခေါ်တဲ့ လူတွေရဲ့တွေးခေါ်ပုံတွေးခေါ်နည်းကို
ပြောင်းလဲပေးတဲ့ စိတ်ပညာကုထုံးကိုဒီရောဂါကိုကုသရာမှာနာမည်ကြီးပါတယ်။တရားမှတ်ခြင်း၊တရားထိုင်
ခြင်းတို့ကိုလဲပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့ ဆေးဝါးတွေ သုံးစွဲခြင်းကတော့ ရောဂါကိုခနတာမေ့ပျောက်ရုံကလွဲပြီး
ပျောက်အောင် မကုနိုင်ပါဘူး။ ကိုယ့်ကိုဒီရောဂါခံစားနေရတယ်လို့ယူဆပြီးခံစားနေရတဲ့အခြေအနေကိုလဲ
သဘောမကျဘူးဆိုရင်တော့ အမြန်ဆုံးကုစားသင့်ပါတယ်။ဘာလို့လဲဆိုတော့ အချစ်ကြောက် ရောဂါခံစား
နေရသူတွေဟာလတ်တလောမှာတင်လူတွေနဲ့အံမ၀င်တာမဟုတ်ပါဘူး။ အသက်ကြီးလာတဲ့အခါမှာလည်း
လူ့တွေနဲ့အံမ၀င်တော့ပဲလူ့ခွစာကြီးဖြစ်လာဖို့များပါတယ်။ ဘာလို့ လဲဆိုတော့ လူသားတွေရဲ့၉၉ရာခိုင်နှုန်းက
ကမ္ဘာကြီးလုံးတာရယ် အချစ်ရှိတယ်ဆိုတာရယ်ကိုလက်ခံထားကြတယ်လေ။

သင်ကအချစ်ဆိုတာနဲ့ အဆင်မပြေတဲ့အခါ လူ၉၉ရာခိုင်နှုန်းနဲ့အဆင်မပြေဖြစ်လာပြီးသင်ကိုယ်တိုင်လဲအထီး
ကျန်မှုဝေဒနာကိုခံစား ရလာပါလိမ့်မယ်။ရည်းစားတစ်ယောက်ထားပါလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။
ချစ်တယ်ဆိုတာသူကပြန်မချစ်လဲကိုယ်ကချစ်နေလို့ရပါတယ်။ချစ်ဖို့ကိုသာမကြောက်ဖို့ပြောချင်တာပါ။
ချစ်ရုံနဲ့အိမ်ထောင်ပြုရမယ်လို့လဲဘယ်ဥပဒေကမှမပြဌာန်းထားပါဘူး။ အိမ်ထောင်ရေးနဲ့အချစ်ဆိုတာကို
ခွဲခြားတတ်ပါစေ။အချစ်နဲ့အိမ်ထောင်ရေးထပ်တူကျခဲ့ရင်တော့သင်ဟာကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး
ထပ်တူမကျရင်လဲအိမ်ထောင်ရေးကံဆိုးတဲ့အထဲမပါသေးပါဘူး။

ဒီတော့စာဖတ်သူရောအထက်ပါလက္ခဏာတွေထဲကတစ်ခုခုရှိနေပြီလား?ရှိနေပြီဆိုရင်လည်းထိုအခြေနေ
မှာပျော်မွေ့လား? ဒါမှမဟုတ်စိတ်ပင်ပန်းဆင်းရဲနေလား?အခြားသူတွေကိုတော့ညာလို့ရတယ် ကိုယ့်ကိုကို
တော့မညာပါနဲ့။ဘာလို့လဲဆိုတော့ ဆေးပညာနဲ့စိတ်ပညာ၂ခုစလုံးကပြောထားတာကိုကအချစ်ကြောက်
ရောဂါခံစားနေရသူတွေက မပျော်ရွှင်ကြပါဘူးတဲ့။

ကဲအချစ်ကြောက်ရောဂါလဲရှိနေတယ်။ သူငယ်ချင်းတွေလဲသိမှာစိုးတယ်။Facebookလိုနေရာမျိုးကြီးမှာလဲ
ရင်မဖွင့်ချင်ဘူးဆိုရင်တော့ သင့်အတွက်ရင်ဖွင့်ဖို့ နေရာကောင်းတစ်ခုကိုလမ်းညွှန်ပါရစေ။
www.philophobia.info  မှာသင့်လိုပဲခံစားနေရသူတွေရှိကြပါတယ်။ အဲဒိမှာသင်ခံစားရတာတွေကို
ဖွင့်ဟရေးချပြီးအကြံညာဏ်တောင်းလို့ရပါတယ်။ တစ်ယောက်ယောကိုချစ်နေပြီးမပြောရဲဘူးဆိုရင်တော့
အဲဒိ ၀က်ဘ်ဆိုဒ်လေးမှာ အရင်ရင်ဖွင့်ပြီးအစမ်းလေ့ကျင့်လိုက်နော်။


No comments:

Post a Comment