“မေ့ပစ်လိုက်မယ်”
“မေ့လိုက်တော့မယ်”
ဆုံးဖြတ်ထားပေမယ့်လည်း
အခုထက်ထိ မပြတ်သားနိုင်သေးတာ
အပြစ်တင်ရင်လဲခံ
လှောင်ရယ်ရင်လည်း မျက်စိမှိတ်နားပိတ်ထားရုံပဲ ။
ချစ်ခဲ့တာ တစ်နေ့မှာမေ့ပစ်ဖို့ မှမဟုတ်ခဲ့တာ…..
.
မာနမရှိလို့ မဟုတ်
အမှတ်သည်းခြေ ကင်းမဲ့လို့တော့ မဟုတ်ခဲ့ပါဘူး ။
.
တိုက်ဆိုင်မှုရှိတိုင်း သတိရမိတတ်တဲ့
အသိစိတ်က
လွမ်းစရာတွေကိုနှိုးဆွတဲ့အခါ
ချစ်ဖူးခဲ့တဲ့ အချိန်ကိုတမ်းတ
လွတ်လပ်စွာလွမ်းပါရစေ ။
လွမ်းတယ်ဆိုလေတိုင်းး
ပြန်လည်ရလိုခြင်းးပါနေလို့ မဟုတ်ပါဘူး ။
.
စွန့် လွှတ်ခဲ့တဲ့ လူတစ်ယောက်အတွက်
ရယူလိုခြင်းဆိုတာ မရှိတော့ဘူး ။
နာကျင်မှုတွေသာ ခြေရာကျန်ခဲ့တယ် ။
.
သူ့ အတွက်ကြောင့် နာကျင်ရတာမဟုတ်ဘူး
နင့်သီးစွာ ချစ်ဖူးခဲ့တဲ့ နှလုံးသားအတွက်
ကြေကွဲခြင်းအခမ်းအနားကျင်းပနေတာ
.
ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ
ကိုယ့်အတွက်တော့
အချစ်ဆိုတာ ပေးဆပ်ခြင်းသာဖြစ်လိမ့်မယ် ။
.
အချစ်ထက် ဆင်ခြင်ဥာဏ်ကို ဦးစားပေးခဲ့တဲ့သူ့ ကို
လေးစားရင်းနဲ့ ချစ်နေမယ် ။
.
ချစ်သူထက် မိဘကို တွယ်တာတတ်ခဲ့တဲ့သူ့ ကို
မြတ်နိုးစွာနဲ့ လွမ်းနေမယ် ။
.
ကိုယ့်အတ္တထက် မိသားစုဘ၀ကိုစာနာတတ်ခဲ့တဲ့သူ့ ကို
မုဒိတာပွားရင်းး သတိရနေပါ့မယ် ။
.
သူ့ ဘ၀လေးး သာယာပါစေ
Monday, November 16, 2015
မေ့ပစ်လိုက်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment