၁။ ယောက်ျား တစ်ယောက်အတွက် သင့်ရဲ့ မျက်ရည်ကျတယ်ဆိုတာ မထိုက်တန်ပါဘူး...သင်နဲ့ ထိုက်တန်တဲ့ ယောက်ျားလေးဟာလဲ သင့်ကို မျက်ရည်ကျအောင် မလုပ်ပါဘူး။
၂။ မိန်းကလေးတွေဟာ တယ်လီဖုန်းနဲ့ တူပါတယ်။ သင်က သူ့ကို ထိလို့ရတယ် စကားပြောလို့ရတယ်။ ဒါပေမဲ့ ခလုတ်မှားနှိပ်မိရင်တော့ အဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။
၃။ ကမ္ဘာပေါ်မှာ အပေါများဆုံး အရာ ၂ ခုက ဟိုက်ဒရိုဂျင်နဲ့ မိုက်မဲခြင်းတို့ပါပဲ။
၎။ အမြဲတမ်း တတ်နိုင်သလောက် ရယ်မောပါ.... ဆေးဝါးထက် ဈေးပိုသက်သာလို့ပါ။
၅။ ယောက်ျားလေးတွေဟာ ကြယ်ပွင့်လေးတွေလိုပဲ...သန်းနဲ့ ချီပြီးရှိပေမဲ့ သင့်ရဲ့ အိပ်မက်တွေ အကောင် အထည်ဖော်ပေးမဲ့ သူက တစ်ယောက်ထဲပဲ ရှိပါတယ်။
၆။ သင့်ရဲ့ အသက်ကို နှစ်နဲ့ မတွက်ပါနဲ့.. အပေါင်းအသင်း ပမာဏနဲ့ တွက်ပါ။
၇။ အသက်ရှင်ဖို့ သတ္တိမွေးပါ။ လူတိုင်းသေနိုင်လို့ပါ။
၈။ လူကြီးတွေဆိုတာ တကယ်တော့ ပိုက်ဆံရှိတဲ့ ကလေးတွေပါပဲ။
၉။ အချစ်ဟာ ကစားပွဲ မဟုတ်ဘူးဆိုရင် ကစားတဲ့လူတွေ က ဘာလို့ အဲလောက်များရတာလဲ။
၁၀။ ဘာမှ မပိုင်ဆိုင်တော့ရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူးပေါ့။
၁၁။ မုန်းရတာ လွယ်တယ်... ချစ်ရတာ ပိုက်ဆံကုန်တယ်။
၁၂။ သင့်ကို ရေကူးသင်ပေးသူကို ရေနှစ်သတ်ဖို့ မကြိုးစားပါနဲ့။
၁၃။ ဘ၀ရဲ့ အကောင်းဆုံးအရာတွေက မမြင်နိုင်ပါဘူး။ ဒါကြောင့်လဲအိပ်မက်မက်တဲ့အခါနဲ့အနမ်းပေးတဲ့အခါ မျက်လုံးမှိတ်ထားရတာ ဖြစ်နိုင်ပါတယ်။
၁၄။ အချစ်ဟာ သင်္ချာနဲ့ တူပါတယ်။ ရိုးစင်းတဲ့ အတွေးအခေါ်၇ှိ သလို ရှုပ်ထွေးမှုလဲ ရှိပါတယ။်
၁၅။ ကောင်လေးတစ်ယောက်က သူ့ချစ်သူမိန်းကလေးကို နှင်းဆီ ၁၂ ပွင့် ပေးပါတယ်။ ၁၁ ပွင့်က အစစ်ဖြစ်ပြီး ၁ ပွင့်က အတုပါ...ပြီးတော့ သူက ပြောတယ်... ငါမင်းကို နောက်ဆုံး နှင်းဆီ ကြွေကျတဲ့ အချိန်ထိ ချစ်ပါမယ်တဲ့။
၁၆။ မှတ်ထားရမှာက ...ဒီနေ့ဆိုတာ သင်စိတ်ပူပန်ခဲ့တဲ့ မနေ့ကရဲ့  မနက်ဖြန်ဖြစ်ပါတယ်။
၁၇။ တကယ်လို့ မင်းကိုချစ်တာနဲ့ အသက်ရှုတာကို ရွေးချယ်ရမယ်ဆို၇င်...ငါ့ရဲ့နောက်ဆုံးအသက်ရှုသံတွေဟာ မင်းကို ချစ်တယ်ဆိုတဲ့ စကားတွေပဲဖြစ်ပါလိမ့်မယ်။
၁၈။ ဘုရားသခင် တကယ်လို့ ကျွန်ုပ်ကိုပိန်အောင်မလုပ်နိုင်ခဲ့ရင် ကျွန်ုပ်မိတ်ဆွေတွေကိုဝ အောင်လုပ်ပေးပါ။
Thursday, November 26, 2015
ချစ်စရာပြောစကားလေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment