Monday, November 9, 2015

ကျွန်​​တော်​တို့ Boyများအ​ကြောင်း

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မဟုတ်ပါဘူး
နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုးဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း သည်းသည်းလှုပ်ချစ်သွားတတ်သလို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့ဘူးဗျ

၎။ ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်တန်ဖိုးထား ချစ်ရတဲ့သူကလေး အကြောင်းပါပဲ

၅။ ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၆။ ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့ လာမပြောနဲ့ မီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာ

၇။ ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၈။ ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ခင်းဗျားတို့ No ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်

၉။ ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ချိန်ယုံပေါ့ဗျာ

၁၀။ ကျွန်တော်တို့ယောက်ျားတွေ အတင်းတုတ်ရင်လည်း မိန်းမတွေထက် ပိုဆိုးဗျာ သတိတော့ထားပေါ့

၁၁။ ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြဿနာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး

၁၂။ ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်

၁၃။ ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ

၁၄။ ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ "ဘူး"မလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့

၁၅။ ကျွန်တော်တို့ယောက်ျားတွေအတွက် ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူးWeight သာလျှော့။😄😄😄


No comments:

Post a Comment