ကိုယ်"ဘယ်လောက်ပဲ အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ'တန်ဖိုးသိသူနဲ့ တွေ့မှ တန်ဖိုးထားခံရမှာပါ။
ကိုယ်"ဘယ်လောက်ပဲ ပေးဆပ်ခဲ့တဲ့လူတစ်ယောက် ဖြစ်နေပါစေ'အလေးထားတဲ့သူနဲ့ တွေ့မှ ကိုယ့်ရဲ့ပေးဆပ်မှုဟာ အရာထင်ပါလိမ့်မယ်။
ကိုယ်" ဘယ်လောက်ပဲ ရိုးသားနေပါစေ' မှန်ကန်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ ကျော်စောနိုင်မှာပါ။
ကိုယ်"ဘယ်လောက်ပဲ အလျှော့ပေးတဲ့ လူတစ်ယောက် ဖြစ်နေပါစေ'ကိုယ့်အပေါ် ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့မှ ဒါတွေကို သိတတ်ခံစားနိုင်မှာပါ။
တကယ်လို့ ကောင်းမွန်တဲ့ သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင် 'ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ နေထိုင်သွားဖို့ သတိပေးနေရင်ရပါပြီး။
နားမလည်သူများရဲ့ အကြည့်တွေ အပြောတွေကို ခဏဖယ်ထုတ်လိုက်ပါ။
Saturday, January 23, 2016
ဘယ်လောက်ပဲ ရိုးသားနေပါစေ မှန်ကန်တဲ့လူတစ်ယောက်နဲ့ဆုံတွေ့နိုင်မှသာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment