Friday, February 26, 2016

ကျူငုတ်......

အရောင်ကလေးမြင်တုန်းက
အားနာတာနဲ့
မြင်တယ်လို့ မမှတ်ခဲ့တာ
ခုတော့ အရောင်ကလေးက
နှလုံးသားကို ဆေးခြယ်နေပြီ …

အသံကလေးကြားတုန်းက
အားနာတာနဲ့
ကြားတယ်လို့ မမှတ်ခဲ့တာ
ခုတော့ အသံကလေးက
နှလုံးသားထဲ လိုက်(ဖ်)ရှိုး ကျင်းပနေပြီ …
တဏှာကျူငုတ်
မခုတ်မိခဲ့လို့
ဥပါဒါန် ကျုတော
နှလုံးသားကိုဝါးမြို
သမုဒယ အဆိပ်တတ်
ဒုက္ခပန်းတွေ ဝေနေပြီ …


No comments:

Post a Comment