Friday, February 26, 2016

လူအမျိုးမျိုးရှိတယ်

လူအမျိုးမျိုးရှိတယ်။
တချို့က အသက်ကြီးပြီး အချိန်မစီးဘူး။
အတ္တပိုကြီးလာပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတယ်။
တချို့ကတော့ အသက်ကြီးလာလေလေ ရင့်ကျက်လာလေလေမို့
လူတွေအတွက် အတုယူအားကျစရာကောင်းအောင် တန်ဖိုးမြင့်လာတယ်။
အတိတ်ကပြုခဲ့ဖူးတဲ့ ကုသိုလ်ကံကြောင့်
မာန်တက်နေတဲ့ သူတွေလည်း ရှိသေးတယ်။
သူတို့ရဲ့ ရာထူးဂုဏ်၊ ပစ္စည်းဥစ္စာကြွယ်ဝမှုကြောင့်
လူတွေကို အထင်သေးပြီး မတူမတန်သလို ဆက်ဆံချင်တယ်။
သူတို့ကို ကြည့်ပြီး ဖေဖေသနားတယ်။
သူ့ပိုင်ဆိုင်မှုတွေက ခိုင်မြဲမယ်လို့ သူထင်နေသလားမသိ။
ဒီလိုလူမျိုးတွေက အတ္တတွေပိုကြီးကြီးလာလို့
လူကြီးဖြစ်လာတာထင်ပါရဲ့ ။သနားတယ်။
အဲ့ဒီလို လူကြီးမျိုး သားကို မဖြစ်စေချင်ဘူး။
အတွေးအခေါ် အသိဥာဏ်တွေ ရင့်ကျက်ပြီး
အသက်ကြီးလာတာနဲ့အမျှ လူတွေတန်ဖိုးထားလေးစားရတဲ့
လူကြီးမျိုးပဲ သားကို ဖြစ်စေချင်တယ်။


No comments:

Post a Comment