Sunday, August 2, 2015

ကဗျာဆရာ ဆိုတာ

ကဗျာဆရာတစ်ယောက်ဖြစ်ဖို့….
ခါးသည်းလွန်းတဲ့ခံစားချက်တွေ
စားသုံးဖူးရမယ်….
ဒါမှမဟုတ်
ချိုမြိန်လွန်းတဲ့ ခံစားမှုတွေ
ထိတွေ့ဖူးရမယ်………
အောင့်သက်သက်အလွမ်းတွေ
ပိုင်ဆိုင်ဖူးရမယ်…..
ဒါမှမဟုတ်
နွေးထွေးတဲ့ တမ်းတမှုတွေကို
မြင်တွေ့ဖူးရမယ်………
ကလေးတစ်ယောက်လို တွေးတတ်ရမယ်
ဒါမှမဟုတ်
လေးနက်လွန်းတဲ့ အသိအမြင်တွေ
ပိုင်ဆိုင်ထားရမယ်……
အတ္တတွေ တနင့်တပိုး
ထမ်းပိုးထားရမယ်…..
ဒါမှမဟုတ်
မျှတတဲ့အတွေးအမြင်တွေ
လက်ကိုင်ထားတတ်ရမယ်……
နှစ်နှစ်ကာကာချစ်ခဲ့ဖူးရမယ်…
ဒါမှမဟုတ်
ရင့်ရင့်သည်းသည်း
မုန်းတီးဖူးရမယ်……….
တစ်ယောက်ယောက်ကို
စွဲလန်းဖူးရမယ်….
ဒါမှမဟုတ်
တစ်ယောက်ယောက်ကို
မေ့ပစ်ဖို့အားထုတ်ဖူးရမယ်……
သဘာဝတရားကြီးကို
ချစ်မြတ်နိုးရမယ်……..
ဒါမှမဟုတ်
လောကကြီးရဲ့
မမျှတမှုတွေကို
နာကြည်းတတ်ရမယ်……
အကောင်းမြင်သမားတစ်ယောက်အဖြစ်
လုံးဝခံယူထားရမယ်…
ဒါမှမဟုတ်
အရာရာကိုအဆိုးတွေချည်းပဲ
တွေးတဲ့သူတစ်ယောက်ဖြစ်ရမယ်………
ခံစားချက်တွေ
အသက်မဲ့နေရမယ်……
ဒါမှမဟုတ်
မြင်သမျှတိုင်းကို
ခံစားတတ်ရမယ်…..
တကယ်တော့
ကဗျာဆရာဆိုတာ….
သဘာဝတရားကြီးကို
လှပအောင် ရေးခြစ်ကြတဲ့ထဲက
မထင်မရှားစုတ်ချက်တစ်ချက်ပဲ…
ဒီအတိုင်းဆို
မသိသာပေမယ့်…..
သူသာမရှိရင်
လောကကြီးဟာ
ပြီးပြည့်စုံတဲ့ပန်းချီကားတစ်ချပ်
ဖြစ်လာမှာမဟုတ်တာတော့သေချာတယ်………..။ ။


No comments:

Post a Comment