တခါတလေ
အချစ်ဆိုတာ
အသံလေးကြားရယုံ
ဓါတ်ပုံလေးတွေကြည့်ရင်း
အလွမ်းဖြေနေရယုံကလေးနဲ့
ကျေနပ်နေရတဲ့အဖြစ်ပါ
ပုံမှန်ဖုန်းဆက်နေကျအချိန်ရောက်လို့
မဆက်လာခဲ့ရင်
ဘာများဖြစ်နေလို့ပါလဲဆိုတဲ့အတွေးက
မစဉ်စားပဲ
နေရာယူနေတက်ပြန်တယ်လေ
တခါတလေ
အချစ်က
စိုးရိမ်ပူပန်မူတွေပေးတယ်ဆိုတာ နှစ်ယောက်ကြားက အဆက်အသွယ်လေးတွေ ပျက်တောက်သွားချိန်
ပိုပို သိလာရတဲ့အဖြစ်ပါ
အရမ်းချစ်မိနေတယ်ဆိုတာ
မခွဲနိုင်တော့မှ သိလာရသလိုမျိုး
သတိရတိုင်း တိုးတိုးပြီး လွမ်းမိသွားတယ်ဆိုရင် တောင်
ပိုတယ် မထင်ပါနဲ့ချစ်သူရယ် …
No comments:
Post a Comment