ရင်ဝယ်စိုးမိုး
ချစ်ခြင်းတိုးလို့
မေတ္တာတို့ဖြာ
အကြင်နာတွေထပ်
မုသားမဖက်ပဲ
ဒီကမ္ဘာဝယ်
မင်း သည်သာလျှင်
ငါ ၏ အရှင်
ငါ့ သခင်မို့
ချစ်ခြင်း ရိပ်ဖြာ
မုဒိတာတိုး
ထစ်ချုန်းမိုးသို့
အသည်း မှာရွာ
နှလုံးမှာ စိုး
ချစ်ခြင်း မိုးကား
ငါ ၏ ခန္တာ
ငါ့စိတ် တွင်ကား
ရောယှက်နွယ်နွယ်
ချစ်ကြိုးသွယ်လို့
အပြင်မှာ ရော
အိပ်မက်မှာ ပါ
ချစ်ခြင်းတန်ခိုး
စဉ်စိုးမိုးလျက်
မအိပ်မစား
ထာဝစဉ် ဆွဲ
မအိပ်မစား
ထိုထိပ်ထားအား
သွေးမှ စီးဆင်း
အကြောမှ ဖြာ
ရင် မှ လာသော
ထိုစကားအား
မုသားမသုံး
ရှောင်မပုန်းပဲ
ဖွင့်ဆို ပြမည်
မင်းကို ချစ်သည်( အရမ်း)…….။
No comments:
Post a Comment