Sunday, August 2, 2015

နောက်​ဆုံး​မျှော်​လင့်​ခြင်း

ကောင်းမလေးရယ် …

အနောက်ဘက် ကောင်းကင်ထဲ
နေမင်း ၀င်ရောက်ပျောက်ကွယ်လို့
အလင်းရောင်မဲ့ နေခဲ့ရင်တောင်
ငါ့ နှလုံးသားက မင်းကို မြင်နေရတယ် …

ပေးခဲ့တဲ့ အမုန်းတွေရဲ့ နောက်ဆုံးတစ်နေ့
စိတ်ထားတွေ ပြောင်းလဲပြီး
ပြန်များ ချစ်လာမလားလို့
မျှော်လင့်ရင်း ရူးနေတဲ့
အချစ် ငတ်နေသူကို သတိရပေးပါ …

နောင်လာမယ့် တစ်နေ့နေ့ မှာ
ကြေကွဲနေတဲ့ ငါ့နှလုံးသားထဲ
မင်း အချစ်တွေ စီးဆင်းပြီး
ပျော်ရွှင်ခြင်း နေ့သစ်တွေ
အဆက်မပြတ် ခိုနားလာခဲ့ရင်
ငါ့ကမ္ဘာလေး ငြိမ်းအေးသွားမှာပါကွယ် … ။


No comments:

Post a Comment