မထားခဲ့ဘူးဆိုရင်………
အရာရာကို ငါရောင့်ရဲ
ဝေးကွာခြင်းတွေနဲ့လည်း
ငါ တင်းတိမ်နိုင်ပါတယ်…….။
နင်သာ မထားခဲ့ဘူးဆိုရင်………
အထီးကျန်ချိန်ကို လစ်လျူရှူ
စုစည်းထားတဲ့ အလွမ်းတွေနဲ့လည်း
ငါ အဖော်ပြုနိုင်ပါတယ်……..။
နင်သာ မထားခဲ့ဘူးဆိုရင်……….
ကြေကွဲရသမျှ မျက်ကွယ်ပြု
နင်ပေးတဲ့ အတွေးတွေနဲ့လည်း
ငါ ပျော်မွေ့နိုင်ပါတယ်………။
တကယ်ပါ….
နင်သာ မထားခဲ့ဘူးဆိုရင်………
ရည်ရွယ်ခြင်းတွေ ငါ အသက်သွင်း
နင့်အပြုံးတွေ မျှော်ငေးရင်း
ငါ့ရှင်သန်ခြင်းတွေကိုလည်း ကျေနပ်နိုင်ပါတယ်………………။
No comments:
Post a Comment