Sunday, August 2, 2015

ငါ့အတွက်

လျှောက်ခဲ့ကြပြီးပြီပဲ …
လမ်းတွေလဲ ကြမ်းခဲ့တယ်
ခရီးတွေလဲ ပမ်းခဲ့ရဲ့ ….

ငါက အတ္တကြီးသတဲ့လား ဟန်နီ …
နင်မသိခဲ့လို့လား … မသိချင်ယောင်ဆောင်လိုက်တာလား …
“ငါ့အတ္တ ငါ့မာန … ငါ့ ပျော်စရာ .. ငါ့ကမ္ဘာ ..
နင်သာ … နင်သာ အရာရာ … ” ဆိုတဲ့ စာကြောင်းလေးတွေ … ။

ခုချိန်တော့ …
သံသယတွေ ၊ မာန်မာနတွေ
ဒါတွေ ခ၀ါချ …
ငါ အဖြူသက်သက်ပဲ နင့်ဘေးနားရှိချင်တယ် … ။

ဟော ဟိုမှာ …
မဝေးတော့ တဲ့ အနာဂါတ် …
မတွေးတော့ဘူးကွယ် … ရှေ့ တည့်တည့် ပဲ လျှောက်မယ်လေ … ။

ငါ့ဘေးနား နင်ရှိနေပေးတာပဲ …
အမှောင်ထု ဘယ်လောက်နက်နက် …
နင့်ရဲ့ အလင်း တစ်စ နဲ့ … ငါ ထွန်းလင်းပါ့မယ် …. ။

ငါလဲ သာမန်လူပါကွယ် ….
စိတ်ကောက်တတ် ၀မ်းနည်းတတ် …
အားငယ်တတ် ကျရှုံးတတ်တယ် …
ငါ့ဘေးနားရပ် … ငါ့အတွက် တည့်မတ်ပေးနိုင်မလား …. ။

နင် လိုအပ်တဲ့အချိန်တိုင်း … “နင့်အတွက်ငါ”
ရှိနေပေးခဲ့ဖူးတယ် … ရှိနေပေးတယ် … ရှိနေပေးဦးမယ် …
ခု … ငါ နင့်ကို စူးစူးနစ်နစ် လိုအပ်နေတဲ့အချိန် …
“ငါ့အတွက်နင်” … ရှိပေးနိုင်မလား ဟန်နီ … ။


No comments:

Post a Comment