ချစ်ရာ ..
သစ္စာတွေ မေတ္တာတွေ …
ပလီပလာ .. တီတီတာတာ ..
ငါမသိပါဘူး ..
ငါ နင့်ကိုချစ်တာပဲရှိတာပါ …
ရူးတယ်ဆိုဆို .. မိုက်တယ်ပြောပြော ..
နင့်အတွက် .. နင့်အတွက်ပဲ ..
ငါ ရူးမိုက်မယ် …
ခွင့်ပြု .. နော် .. ချစ် …
ဝေးဝေးကို မသွားနဲ့ ..
နီးနီးလေးပဲ ရှိနေပေးပါ ..
ငါ့အတ္တဆိုတာ …
နင့်နား ငါ ရှိနေဖို့ တစ်ခုရယ်ပါ …
နင့်စကားမှာ ကျရှုံး ..
နင့်အပြုံးမှာ ငါ ပျောက်ဆုံးဖူးတယ် ..
ငါ့ကိုယ့်ငါ ပြန်ရှာဖွေဖို့ …
ချစ် .. နင် ငါ့နားနေနော် ..
နင်မရှိတဲ့ ငါ့ဘ၀ဆိုတာ ..
တကယ်တော့ …
‘နေ’ မရှိတဲ့ ‘လ’ ပါ ငါ့ကမ္ဘာ …
ငါ့အတ္တ … ငါ့မာန ..
ငါ့ပျော်ရွှင်စရာ .. ငါ့ကမ္ဘာ ..
နင်သာ .. နင်သာ ..
အရာရာ …
ပူပင်ကင်းဝေး ..
ငြိမ်းအေးချမ်းသာ နေရာတစ်ခုဆီ …
ငါတို့ဦးတည် …
ပေးဆပ်မှု တချို့ .. ရှိကောင်းရှိနိုင်တယ် ..
မသေချာ မရေရာ … အဲ့ဒိနေရာ …
ဘာဆိုတာ တိကျသေချာဖို့ …
စွန့်စားမယ် ကိုယ့်ချစ်ရဲ့ … လိုက်ရဲလား … ။
Sunday, August 2, 2015
ချစ်သူတမ်းချင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment