Sunday, August 2, 2015

ရောင်းရန်​ရှိသည်

အိမ်မွေးတိရိစ္ဆာန်
မဟုတ်ပါ
စားသုံးစရာ
မဟုတ်ပါ
အသုံးပြုစရာပစ္စည်း
မဟုတ်ပါ
မျက်လုံးနှင့် မမြင်နိုင်
နှလုံးသားဖြင့်သာ မြင်နိုင်သည်
နားဖြင့် မကြားနိုင်
နှလုံးသားဖြင့်ကြားနိုင်သည်
ထိလို့မရ
ကိုင်လို့မရ
သို့ပေမယ့်
ခံစားကြည့်လို့ရသည်
သင်ဘ၀တစ်လျှောက်လုံးအတွက်
အမှားအယွင်း
အပျက်အဆီး
အနှောက်အယှက်
အန္တရာယ် လုံးဝမရှိပါ
ယုံကြည်စွာ စိတ်ချစွာ
သုံးစွဲနိုင်သည့
အသည်းဖြင့်ထုတ်
မေတ္တာဖြင့် အလှခြယ်
သံယောဇဉ် ကြိုး ချည်နှောင်ထုပ်ပိုးထားသော
လတ်လတ် ဆတ်ဆတ်
နှလုံးသား တစုံရောင်းရန်ရှိသည်…..။
ဆက်သွယ် ရန် ဖုန်းနံပါတ်………………………………………..၀၉………..
ကျပ်ငွေ ၁၅၀၀ ကျပ်ဖြင့်သာ ….. .


No comments:

Post a Comment