Sunday, August 2, 2015

သိပ်​ချစ်​တာ ချစ်​သူသိပါ​စေ

ချစ်သူနဲ့ဝေးတဲ့ဘဝမှာအသက်ရှင်နေထိုင်နေရတာ
အဓိပ္ပာယ်မဲ့လှပါတယ်…ချစ်သူ
အသက်တစ်ကြိမ်ရှုတိုင်း တစ်ကြိမ်သတိရတယ်..ချစ်သူ
ချစ်သူနဲ့ဝေးနေတဲ့အရပ်ဒေသဆီမှာ
မိန်းကလေးတွေတောင်ပုံရာပုံရှိပါတယ်
ငါငေးလို့တောင်မကြည့်ခဲ့ပါဘူး…ချစ်သူ
ချစ်သူတစ်ယောက်ကိုသာ အမြဲတမ်းလွမ်းနေခဲ့တာပါ
လွမ်းလွန်းလို့ကျတဲ့ ငါ့ရဲ့မျက်ရည်မှာ
တစ်ခါတစ်လေ သွေးစတွေတောင်ပါလာတယ်..ချစ်သူ


No comments:

Post a Comment