Sunday, August 2, 2015

ချစ်​လို့

အချစ်ဆိုတာ ဘဝနှစ်ခုပေါင်းစပ်မိတဲ့အခါ

အရမ်းပြင်ထန်ပြီး လှိုင်းတွေပုတ်ခတ်တက်တဲ့

ပင်လယ်ပြင်ကြီးနဲ့ တူလာတက်တယ် …ချစ်သူ

ချစ်သူနှစ်ဦး ဆုံတွေ့တဲ့အချိန်မှာတော့

ပင်လယ်ပြင်ကြီးကို ငြိမ်သက်တိတ်ဆိတ်သွားစေတယ်

မုန်တိုင်းတွေကို လေပြေဖြစ်စေတယ်

ကြမ်းကြုတ်မှုတွေကို နှုးညံ့စေတယ်

ရိုင်းစိုင်းမှုတွေကို ပျော့ပျောင်းစေတယ် ….ချစ်တဲ့သူ

ချစ်သူနဲ့ကို အချိန်တိုင်း ( အမြဲတမ်း ) မတွေ့ဖြစ်ပါဘူးနော်

ဒါပေမဲ့ …..အမြဲတမ်းသတိရနေတယ် ..

ချစ်သူက ကောင်းကင်ကထိန်ထိန်သာတဲ့ လမင်းကြီး မဟုတ်ပါဘူး

ဒါပေမဲ့ … ကို့ဘဝကိုတော့ အလင်းရောင်လေးတွေပေးစွမ်းနှိုင်တယ် …

ချစ်သူ …..ကို့ကိုခွင့်မတောင်းခဲ့ဘူး

ဒါပေမဲ့ …. ညတိုင်းကို့ရဲ့အိမ်မက်ထဲချစ်ပုံရိပ်တွေနဲ့ပြည့်နှက်နေတယ် ….

ချစ်သူနဲ့ကို … ( အမုန်း ) ဆိုတဲ့ စကားကိုယောင်လို့တောင်မသုံးကြဘူး

ဒါပေမဲ့ …. အနေဝေးလို့ ဝေးသွားမှာတော့ကြောက်တယ် … ချစ်တဲ့သူ

မှတ်ထား …….. အဲဒါ ….. ချစ်လို့


No comments:

Post a Comment