ငါက ငါ့အပြုံးမှာ
မာယာတွေ မဖုံးတတ်ခဲ့ဘူး
မင်းရင်မခုန်ခဲ့ဘူး မဟုတ်လား
ငါက မင်းကို
ဘာမှ မကိုးကားဘဲ ရိုးသားစွာ ချစ်တာ
မင်းမခံစားတတ်ခဲ့ဘူး မဟုတ်လား
ငါဘယ်လောက်ငေးငေး
မင်းမျက်ဝန်းတွေ ငါမတွေးတတ်ခဲ့ဘူး
မဝေးချင်ပါဘူး ဆိုတာ
ကလေး ဆန်တာတဲ့လား
တခြားသူရဲ့ ရင်ခွင်မှာ နင့်ကိုကြည့်ရဲလောက်တဲ့
ရင့်ကျက်မှုမျိုးတော့ ငါ့မှာမရှိသေးဘူး
နင်မပြောချင်တဲ့ စကား
ငါကြားချင်တယ် ..
နင်မကြားချင်တဲ့ စကား
ငါပြောချင်တယ်
နင့်ရင်မှာလက်မခံနိုင်လည်း
ငါဝန်ခံရဲပါတယ်
ငါနင့်ကို သိပ်ချစ်တယ် …… ။
အလွမ်းတွေ သီကုံး
အရှုံးလက်တွေ နဲ့ နေ့ရက်များစွာ
ရုန်းထွက်ခွင့်ရချင်တယ်
နင့်အနားမှာဆို
ငါ့ဘ၀ ဘယ်လောက် ခါးခါး
အဲ့ဒီ အမှားအတွက်
ငါရိုးသားစွာ ကျေနပ်နေပါ့မယ်
နင့်နှလုံးသားတစ်စုံကို
့ငါ့ဘ၀ တစ်ခုလုံးနဲ့ လဲရဲတယ်
ငါနင့်ကို အဲ့လောက်ထိ မြတ်နိုးပါတယ် ချစ်သူ !
Sunday, August 2, 2015
နင်မချစ်လည်းငါချစ်တယ်ချစ်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment