နှုတ်ခမ်းဖျားက ညင်သာဖွဖွ တိုးထွက်လာခဲ့
ချစ်တယ်….
နှလုံးသားက ပေါက်ဖွားထွက်လာခဲ့
ချစ်တယ်….
စိတ်ကူးအိပ်မက် အဆုံးအစမရှိ ပေါ်ထွက်လာခဲ့
ချစ်တယ်….
နာရီစက္ကန့်မလပ် တိုးတိတ်ရေရွတ်ခဲ့
ချစ်တယ်….
အိပ်မက်ထဲထိ မပျက်ဖြစ်တည်ခဲ့
ချစ်တယ်….
တစ်ဘ၀လုံးစာအတွက် စကားတစ်ခွန်းပြောခဲ့…
ချစ်တယ်….ချစ်သူရယ်….
No comments:
Post a Comment