အသက်တွေကြီးလာပင်မဲ့လည်း ရင့်ကျက်မှုကတော့ အတွေ့အကြုံတွေ၊ အခက်အခဲတွေနဲ့တွေ့ကြုံမှသာလျှင် ခံစားရ၊ စိတ်ညစ်ရ၊ မျက်ရည်တွေကျရပြီးမှ ရရှိမဲ့ အခွင့်အရေးလို့ထင်ပါတယ်။
သူငယ်ချင်းတွေနဲ့ အတူရှိနေချိန်မှာ အလုပ်ခွင်ထဲမှာ ကိုယ်ကတော့ အသက်တွေရလာပင်မဲ့လည်း လူကြီးတစ်ယောက်လို ရင့်ကျက်မှုကို ရပြီလားဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
★ သူတပါးရဲ့ အကြံပေးချက်ကို လက်ခံပြီး ပြုပြင်ပြောင်းလဲနိုင်တယ်
★ ကိုယ့်ရဲ့အားသာချက်ကို မရှက်မကြောက်ပဲ ပြောပြနိုင်နေပြီလား
★ အချစ်ရေးနဲ့ပတ်သက်ပြီး အပျော်ထက် တသက်တာအတွက် စဉ်းစားနိုင်ပြီလား
★ ချစ်သူ၊ရည်စားရဲ့ ခံယူချက်တွေ၊ ရည်မှန်းချက်တွေကို လက်ခံနိုင်ပြီလား
★ အဝတ်တွေလည်း ကိုယ်တိုင်လျှော်နိုင်ပြီလား
★ အောင်မြင်မှုကို ကိုယ့်အားကိုယ်ကိုးပြီး ရယူနိုင်ပြီလား
★ နေ့စဉ် ဖြစ်ပျက်နေတဲ့အကြောင်းလေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ နားလည်အောင် ကြိုးစားနိုင်ပြီလား
★ ကိစ္စတစ်ခုကို နားလည်ယောင်မဆောင်ပါနဲ့။ တကယ်ကော နားလည်ရဲ့လား။
★ တကိုယ်ရည် အသုံးအဆောင် ပစ္စည်းလေးတွေကို သန့်သန့်ရှင်းရှင်းထားရဲ့လား။
★ အိပ်မက်တွေနဲ့ လက်တွေ့ဘဝရဲ့ ကွာဟချက်ကို တွေးပြီး စိတ်မပျက်နေပါနဲ့။
★ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ခံယူချက်တွေက အမြဲတမ်း မှန်တယ်လို့ မထင်ပါနဲ့။
★ Brand ပစ္စည်းတွေကို လိုတာထက်ပိုပြီး သုံးနေပြီလား။
★ အဆင်မပြေတဲ့အကြောင်းကို သူများအပြစ်မပုံချနဲ့။
★ ဆုံးရှံးမှုကို အနာဂတ်ရဲ့အောင်မြင်မှုအတွက် အသုံးချပါ။
★ ကျေးဇူးတင်စကားကို သေသေချာချာ ပြောနိုင်ပြီလား။
★ ကိုယ့်ရဲ့အားနည်းချက်ကို လက်ခံတတ်ပြီလား။
★ ရည်စားဟောင်းအကြောင်းကို အတင်းပြောပြီး အပြစ်မတင်နေပါနဲ့တော့။
★ သူတပါးရဲ့အောင်မြင်မှုကို လေးစား၊ ဂုဏ်ယူတတ်ဖို့ ကြိုးစားပါ။
★ စိတ်ညစ်စရာကောင်းတဲ့ ပြသာနာတွေကို ရှောင်မသွားပါနဲ့။
★ ခင်အောင်ကြိုးစားဖို့အတွက် မကောင်းတဲ့စကားတွေကို ပြောနေပြီလား။
★ ပြုံးပြုံး ရွှင်ရွှင်နေထိုင်တတ်ပြီလား။
★ ကိုယ့်ရဲ့အမှားတွေကို သူများတွေလည်း မလုပ်မိစေရန် ပြောရဲလား။
★ ကိုယ့်ရဲ့ အားသာချက်တွေကို သေသေချာချာ နားလည်နေပြီလား။
★ ပြသာနာတွေကို စိတ်အေးအေးနဲ့ ရင်ဆိုင်နိုင်ပြီလား။
★ မရှက်မကြောက်ပဲ ချစ်တဲ့အကြောင်းကို ပြောနိုင်ပြီလား။
Friday, November 20, 2015
အသက် ကြီးရင့်လာရင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment