Fucking ဆိုတိုင်း Sex အကြောင်းမဟုတ်ပါ။
လူတွေတော်တော်များများကတော့ Fuckingလို့ကြားလိုက်တိုင်း Sex နဲ့ပက်သက်ပြီး အရမ်းရိုင်းတဲ့စာလုံးလို့ထင်နေကြပါတယ်။ ဒီစာလုံးကရိုင်းတာတော့မှန်ပါတယ်။ ဒါပေမဲ့
အခြေအနေ အချိန်အခါအရမရိုင်းတဲ့အခါလည်း ရှိပါတယ်။တချို့Englishစာသင်ခါစလူငယ်လေးတွေက Fuckingဆိုတဲ့စကားကြားရင် အရမ်းရိုင်းတယ်
လို့ထင်ကြပါတယ်။Sexနဲ့ပက်သက်တဲ့စာလုံးလို့ပဲထင်နေကြ ပါတယ်။
ဒါပေမဲ့တကယ်တော့ အမေရိကန်တွေအသုံးပြုနေတဲ့ fuckingဟာများသောအားဖြင့်=very much, extremely စသည်ဖြင့်ဆိုလိုပါတယ်။ ဥပမာI’m fucking hungry.ဆိုတာ ငါအရမ်းဗိုက်ဆာနေတယ်လို့ဆိုလိုတာပါ။
Sexနဲ့လုံးဝကို မပက်သက်ပါဘူး။I’m fucking sick of you.ဆိုတာငါမင်းကိုအရမ်းစိတ်ကုန်နေပြီလို့ပြောတာပါ။ This is fucking awesome.ဆိုတာ ဒီဟာအရမ်းမိုက်တယ်လို့ပြောတာပါ။
ဒီစာလုံးကိုအင်္ဂလန်သားတွေရောအမေရိကန်တွေပါ တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ The Wolf of Wall Street ဆိုတဲ့အော်စကာရသွားတဲ့ဇာတ်ကားကိုကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲ့ဒိကားထဲမှာဆို fuckingကို
၅၆၉ကြိမ်သုံးသွားပါတယ်။ ဒါကဇာတ်ကားထဲမှာမို့လို့မဟုတ်ပါဘူး။
သူတို့ရဲ့နေ့စဉ်လူနေမှုဘ၀မှာ ဒိထက်တောင်ပိုသုံးပါသေးတယ်။
ဒါပေမဲ့ဒီစာလုံးကို ခင်မင်တဲ့သူငယ်ချင်းတွေကြားထဲမှာပဲ သုံးလေ့ရှိပါတယ်။ကိုယ်နဲ့မသိတဲ့သူနဲ့စကားပြောရာမှာ သုံးရင်တော့အရမ်းရိုင်းပါတယ်။
ခင်တဲ့သူတွေကြားထဲမှာတော့ မြန်မာလို”စောက်ရမ်း”ဆိုတဲ့စကားနဲ့ဆင်တူ
ပါတယ်။ Fucking awesome ဆို“စောက်ရမ်းလန်းတယ်”လို့ဆိုလိုတာပါ။
ဒီစာလုံးကို မိဘတွေ၊ကိုယ့်ထက်ကြီးသူတွေ ကိုယ်နဲ့မခင်သူတွေနဲ့တော့ဘယ်တော့မှမသုံးပါနဲ့။ အင်တာဗျူးအခန်းထဲမှာတော့ ပိုပြီးတော့သတိထားပါ။
ဒီဆောင်းပါးရေးရခြင်းအကြောင်းကတော့ Fucking ဆိုတဲ့စာလုံးကြားတိုင်းSexအကြောင်း ပြောနေတာမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။
Tuesday, November 24, 2015
Fucking ဆိုတိုင်း Sex အကြောင်းမဟုတ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment