တန်ဖိုးရှိတဲ့မိန်းမဆိုတာ
ပွဲသိမ်းခရာမမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး ....
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ် ....
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ ....
အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး ....
ငါ့နှလုံးခုန် သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင် ....
စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ ....
ဒီလိုပဲ....
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ ....
Friday, November 27, 2015
တန်ဖိုးရှိတဲ့မိန်းမဆိုတာ(ပွဲသိမ်းခရာမမှုတ်သေးခင်ရှုံးပြီလို့..)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment