Friday, November 27, 2015

အယုံအကြည်မရှိအဆို တင်သွင်းခြင်း

အယုံအကြည်မရှိအဆို တင်သွင်းခြင်း


မျက်ရည်စို့နေပေမယ့် 

ဝမ်းမြောက်နေကြောင်း သိပါတယ် ..

မင်းမှာမျက်စိမရှိဘူး

စိန်ကဲဖြတ်တဲ့ မှန်ဘီလူးတစ်စုံပဲရှိတယ် ..

ပြုံးနေပေမယ့်

ကောက်ကျစ်တတ်ကြောင်း သိပါတယ် ..

မင်းမှာသွားတက်ကလေးမရှိဘူး

အစွယ်တစ်စုံပဲရှိတယ် ..

ဆံပင်ဖားလျားချထားပေမယ့်

ဦးခေါင်းခွံထဲကိုမြင်ပါတယ် ..

မင်းမှာဦးနှောက်မရှိဘူး

ချိန်ခွင်တစ်ခုပဲရှိတယ် ..

အင်္ကျီဝတ်ထားပေမယ့်

ရင်ခေါင်းထဲကိုမြင်ပါတယ် ..

မင်းမှာနှလုံးသားမရှိဘူး

မျက်ရည်ယိုဗုံးတစ်လုံပဲရှိတယ် ..

မင်းကို ငါ .. ကြောက်တယ်ကွယ် ..


No comments:

Post a Comment