ဝဋ်ရှိသမျှကျေ
ချစ်တယ် ချစ်ရယ်
ဒီလိုဆိုခဲ့ ကြသူတွေကပဲ
အကြောင်းပြချက်မျိုးစုံနဲ့ 
ထားရစ်ခဲ့ကြတယ်
စကားတွေဟာ စပြီးကားဖို့ အတွက်ပဲလား ....
လူမသိသူမသိ ခိုးဝင်ခဲ့တဲ့အချစ်တွေကို
ကျေကျေနပ်နပ်လက်ခံပေးလိုက်ချိန်မှာ
ခွင့်ပြုချက်မတောင်းပဲ ထွက်သွားကြပြန်တယ်
ကိုယ့်နှလုံးသားဟာ သူတို့ အတွက်
အပျင်းပြေလာဆော့ကစားတဲ့ သာလာယံဇရပ်ပဲလား ....
နာကျင်မှာစိုးးရိမ်ခဲ့တဲ့ မျက်ဝန်းတွေကပဲ
နာကျင်အောင် အသေသတ်သွားခဲ့ ကြတယ်
ကိုယ်ဆိုတာ သူတို့ အတွက်
ပစ်ချထားခဲ့တဲ့နေရာမှာကျန်ခဲ့ရမဲ့အရုပ်တစ်ရုပ်ပဲလား ....
ရည်းစားတွေထားလိုက်တာ
ရည်းစားတွေ များလာပြီ လို့ သာ တွင်တွင်ဆိုတတ်ကြတဲ့သူတွေ
ယုံမှတ်လို့ ပုံအပ်ချစ်ခြင်းတွေကို
ပလီပလာတွေပြော လိမ်ညာသွားခဲ့ကြတာကို သိကြရဲ့လား ....
အတိတ်ကို ပြန်ငေးကြည့်မိတဲ့အခါ
လှည့်စားခြင်းနဲ့ လိမ်ညာခြင်း အချိုးအကွေ့ တွေကိုသာမြင်ရတယ်
အချစ်နဲ့ ပက်သက်လာရင်
ကိုယ်ဆိုတာ အသုံးမကျတဲ့လူညံ့ပါပဲလား ....
အချစ်နဲ့ သက်ဆိုင်ခဲ့ရင်
ကိုယ်ဆိုတာ… လှည့်လို့ ကောင်းတဲ့ ၀က်အူရစ်ပဲလား ....
အချစ်တွေဟာ အပြစ်တွေဖြစ်ပြီး
ချစ်သောသူတွေဟာ ပစ်သောသူတွေဖြစ်သွားခဲ့ကြတာ
ကိုယ့်ရဲ့ ဝဋ်ကြွေးတွေပဲလား ....
မရေရာမေးခွန်းတွေနဲ့  အဖြေရှာမောဟိုက်နေသူကိုယ့်ကို
အကြင်နာ သနားသောအနေနဲ့ 
အို ဗီးနပ်စ်ရယ်
ဝဋ်ကြွေးရှိရင် ကြေဖျက်ခွင့်ပေးးပါ ....
Friday, November 27, 2015
ဝဋ်ရှိသမျှကျေ (ချစ်တယ် ချစ်ရယ် ဒီလိုဆို ခဲ့ ကြသူတွေကပဲ ..)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment