Saturday, November 28, 2015

လူအများရှေ့စကား ထွက်ပြောဖို့ကြောက်နေလား?

လူတွေ အများကြီးရှေ့ စကားထွက် ပြောရတာ
တကယ်တော့ထင်သလောက် မလွယ်ပါဘူး။
ယောင်္ကျားရင့်မာကြီးတွေတောင် ဒူးတုန်တတ်ကြ
ပါတယ်။ လူရှေ့သူရှေ့မှာစကားထွက်ပြောရမှာ
ကြောက်တာသင်တစ်ယောက်ထဲမဟုတ်ပါဘူး။
နာမည်ကျော်သူ ဘီလီယံနာကြီးဖြစ်တဲ့
Warren Buffet တောင်ကြောက်ခဲ့ပါတယ်။
နောက်ထပ်နာမည်ကျော်တွေဖြစ်တဲ့
Tiger Woods, Bruce Willis, Julia Roberts
တို့လည်းကြောက်ခဲ့ပါတယ်။ဒါပေမယ့်သူတို့မှာ
တူညီတာတစ်ချက်တော့ရှိပါတယ်။ အဲ့ဒါဘာလဲ
ဆိုတော့ သူတို့အားလုံးအဲ့ဒီအခက်အခဲကို
ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီတော့ သင်ရောဘာလို့
မကျော်ဖြတ်နိုင်ရမှာလဲ? အောက်မှာပြောပြမယ့်
အချက်လေးတွေကိုသာသင်လေ့ကျင့်လိုက်ရင်
သင်လူရှေ့သူရှေ့မှာ စကားပြောကောင်းလာမှာ
သေချာပါတယ်။

(၁) ကြိုတင်ပြင်ဆင်ပါ။

ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုကောင်းမှ အဆင်ပြေ
ချောမွေ့တာပါ။ ကံကောင်းလို့ မပြင်ဆင်ခဲ့ပဲအဆင်ပြေ
သွားတာလည်း ရှိချင်ရှိမှာပါ။ ဒါပေမယ့် အဲ့ဒါက
ဖြစ်ခဲပါတယ်။ သင့်ဘက်က သေချာနေဖို့ ကြိုတင်
ပြင်ဆင်ဖို့မမေ့ပါနဲ့။ သင်ဘာအကြောင်းပြောမှာလဲ
သေသေချာချာသိအောင်လုပ်ပါ။ လူတွေသင့်ကို
ဘာပြန်မေးနိုင်မလဲကြိုတင်စဉ်းစားပါ။အဲ့ဒီအဖြေ
အတွက်လည်း သေချာလေ့ကျင့်ပါ။လေ့ကျင့်ထားခြင်း
ကသင့်ကိုယ်သင်ယုံကြည်မှုကိုလည်းတိုးပွားစေပါတယ်။ မျက်လုံးကြီးအောက်စိုက်ပြီး စာရွက်တစ်ရွက်နဲ့
စာဖတ်တဲ့ပုံစံတော့မဖြစ်ပါစေနဲ့။

(၂) လေ့ကျင့်ပါ။

ပြင်ဆင်ရုံနဲ့မပြီးပါဘူး။ အကြိုလေ့ကျင့်ပါ။ အရမ်းခင်ရတဲ့
သူငယ်ချင်းတို့၊ မိသားစုတို့ရှေ့မှာအစမ်းပြောကြည့်ပါ။
ဘယ်သူမှမရှိဘူးဆိုရင်လည်း မှန်ရှေ့မှပြောကြည့်ပါ။
လေ့ကျင့်ထားခြင်းက သင်တကယ်စကားထွက်ပြောတဲ့
အခါအများကြီးအထောက်အကူပြုပါလိမ့်မယ်။

(၃) တည်ငြိမ်အောင်စိတ်ကိုစုစည်းပါ။

သင်စိတ်လှုပ်ရှားနေရင် သင်စကားကောင်းကောင်း
ပြောနိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အသံတိုးဝင်
သွားပါလိမ့်မယ်။ သင်စကားပြောနေတာကို နားထောင်
နေတဲ့သူအတွက်တော့သင့်ရဲ့အသံတိုးတိုးလေးကိုလိုက်
နားထောင်ရတာတော်တော်လေးစိတ်ညစ်စရာကောင်း
နေပါလိမ့်မယ်။ဒါကြောင့်သင်စိတ်လှုပ်ရှားနေရင်
အရင်ဆုံးသင့်စိတ်ကိုပြန်စုစည်းပါ။ပြီးမှာစကားကို
ပြန်ပြောပါ။

(၄) စိတ်ကိုလျော့ထားပါ။

လူတွေအများကြီးရှေ့မှာ စကားထွက်ပြောရတာခက်ခဲ
တာတော့မှန်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ စိတ်လျော့
ထားဖို့တော့လိုပါတယ်။ စိတ်လှုပ်ရှားနေတဲ့သူ
တစ်ယောက်ကို သိဖို့ဆိုတာမခက်ပါဘူး။ သူ့ရဲ့
အမူအရာတွေကိုကပေါ်လွင်နေပါလိမ့်မယ်။ဒါကြောင့်
စိတ်ကိုလျော့ထားပါ။စကားကိုကျယ်ကျယ်ပြောပါ။
ပီပီသသပြောပါ။ဂုဏ်ယူစွာပြုံးပါ။သင့်ကိုယ်သင်
ယုံကြည်မှုရှိတဲ့ပုံစံမျိုး အပြင်ပန်းမှာရှိလာလေလေ
သင့်ရဲ့စိတ်ထဲမှာလည်းသင့်ကိုသင်ပိုယုံကြည်
လေလေပါပဲ။

(၅) ယုံကြည်မှုရှိစွာစကားပြောပါ။

သင်ပြောနေတာကို နားထောင်နေတဲ့သူတွေ၊ သင့်ကိုယ်
ကြည့်နေတဲ့မျက်လုံးတွေ ထောင်ပေါင်းများစွာရှိပါစေ၊
သင်သာယုံကြည်မှုရှိရှိနဲ့စကားပြောနိုင်ရင် သူတို့ရဲ့
အားကျတဲ့မျက်လုံးတွေကို သင်မြင်ရမှာအသေအချာပါပဲ။
လူအများရှေ့စကားထွက်ပြောတယ်ဆိုတာတကယ်တော့
သင်ပြောတဲ့စကားက ၁၀%ပဲအရေးပါပြီး သင်ဘယ်လို
ပြောလဲဆိုတာက၉၀%အရေးကြီးပါတယ်။ ဒါကြောင့်မို့
သင့်ကိုယ်သင် ကမ္ဘာ့အကောင်းဆုံး မိန့်ခွန်းပြောနိုင်သူ
တစ်ယောက်လိုယုံကြည်ပြီးပြောပါ။

(၆) သင့်ကိုနားထောင်နေသူများအတွက် စဉ်းစားပါ။

လူတွေက သင့်အကြောင်းစဉ်းစားနေမှာမဟုတ်ပါဘူး။
သင်ပြောနေတဲ့၊ သင်ပေးချင်တဲ့ Message ကိုပဲ
နားထောင်နေတာပါ။ ဒါကြောင့်မို့သင်ရဲ့စကားအမှားလေး
အနည်းငယ်ကိုသူတို့ ဂရုစိုက်နေမှာမဟုတ်ပါဘူး။
ဒါကြောင့် သင်ပေးချင်တဲ့ Message ပေါ်ကိုသာ
အာရုံစိုက်ပြီးပြောပါ။

(၇) လူတိုင်းအမှားလုပ်တယ်ဆိုတာ သတိရပါတယ်။

လူအများကြီးရှေ့စကားထွက်ပြောရတာကို သင်
မုန်းကောင်းမုန်းနိုင်ပါတယ်။ ဒါပေမယ့် သင့်ဘဝ
တစ်ခုလုံးရဲ့၁၅ မိနစ်လောက်ပဲဆိုတာကို မမေ့ပါနဲ့။
ဒါကြောင့် သင်အမှားလုပ်ခဲ့လည်း သင့်ကိုယ်သင်
အပြစ်မတင်ပါနဲ့။လူတိုင်းအမှားလုပ်တတ်ကြပါတယ်။
နောက်တစ်ခါမမှားအောင်ပဲကြိုးစားပါ။

အထက်ပါအချက်လေးတွေက လူအများကြီးရှေ့မှာ
စကားထွက်ပြောရမှာကြောက်နေတဲ့
သူတိုင်းအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။


No comments:

Post a Comment