Saturday, November 28, 2015

ဟန်​မ​ဆောင်​ပါနဲ့

တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရဖို့ သင်မဟုတ်တဲ့သူ
တစ်ယောက်အဖြစ် သင်ဟန်ဆောင်မလို့လား၊ သိပ်
ကောင်းလှတဲ့ အကြံတော့မဟုတ်ပါဘူး။ သင်ဖုံးခြုံ
ထားမယ့် အရာတွေကို ချစ်မြတ်နိုးလာမယ့် သူတစ်
ယောက်ကို ဘာလို့များ ရူးရုးမိုက်မိုက်လိုချင်ရတာလဲ၊

သင်ဟန်ဆောင်လို့ရလာတဲ့ အချစ်က သင့်ရဲ့အပေါ်ယံ
ဟန်ဆောင်မှုတွေနဲ့ပဲ သဟဇာတ တည့်လေ့ရှိပါတယ်။
သင့်ရဲ့ ပင်ကိုယ်စရိုက်တွေ ပေါ်လာတဲ့ တစ်နေ့
ထွက်ပြေးသွားပါလိမ့်မယ်။

သင်အဆောင်မှာနေရတာလား၊ သင် Huawei ဖုန်းကိုင်
တာလား၊ သင်မနက်ပိုင်း Busကားစီးပြီး ရုံးတက်ရတာလား၊
သင့်အဖေနဲ့အမေက နယ်မှာ ဆင်းဆင်းရဲရဲနေနေရလား၊
သင်အိမ်ကို ထောက်ပံ့နေရတာလား၊ ဒီလိုအချက်တွေကို
လူတစ်ယောက်ဆီက အချစ်ရဖို့ ဘယ်တော့မှ မဖုန်းကွယ်
ပါနဲ့။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ လူတစ်ယောက်ရဲ့
ဖြစ်တည်ခြင်းကို ချစ်တာပါ။ သူချမ်းသာသည်ဖြစ်စေ၊
ဆင်းရဲသည်ဖြစ်စေ၊ ရုပ်ဆိုးသည် ဖြစ်စေ၊ ရုပ်မချောသည်
ဖြစ်စေ၊ ဒီအချက်တွေက အချစ်ကို ဘယ်လိုမှ မတားဆီး
နိုင်ပါဘူး။ ဘယ်လိုအရာကမှ ရိုးရိုးသားသားနေထိုင်ခြင်း
လောက် မမြင့်မြတ်ပါဘူး။

သင့်ရဲ့ ဖြစ်တည်ခြင်းကို ဂုဏ်ယူပါ။ သင့်ရဲ့ဖြစ်တည်ခြင်းကိုပဲ
ချစ်နိုင်မယ့် သူကို ပြန်ချစ်ပါ။ ဟန်မဆောင်ပါနဲ့။ သင့်ရဲ့ဖြစ်
တည်ခြင်းကို ချစ်မယ့်သူမရှိရင်လည်း တစ်ယောက်တည်း
နေလို့ရတာပဲ။ အချစ်ဆိုတာ အောက်ဆီဂျင်မှ မဟုတ်တာ။
လောကကြီးမှာ အခြားအချစ်တွေလည်း များစွာရှိပါတယ်။
မိသားစုအချစ်၊ မောင်နှမအချစ်၊ သူငယ်ချင်းအချစ်၊ စသဖြင့်
အေးချမ်းတဲ့ အချစ်များစွာနဲ့ သင့်ဘဝကို ဖြတ်သန်းလို့ရပါ
တယ်။

သင်ဟန်ဆောင်ပြီးပျော်မလား၊ တစ်ယောက်တည်း လွပ်လွပ်
လပ်လပ် ပျော်မလား? သင့်ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။

သင်ကချစ်ရတဲ့ သူနဲ့ သင့်ကိုချစ်တဲ့သူ တစ်ယောက်တည်း
ဖြစ်ပါစေလို့ ဆုတောင်းပေးပါ


No comments:

Post a Comment