ပျက်ရယ်ပြုခြင်းကို ခံရသောအခါ
ဝမ်းနည်းသွားတတ်ပေမဲ့
ဘယ်တော့မှ စိတ်မဆိုးရက်ပါလေ...
အနိုင်ကျင့်ခြင်းကို ခံရတဲ့အခါ
အားငယ်သွားတတ်ပေမဲ့
ဘယ်တော့မှ မနာကြည်းရက်ပါလေ...
တန်ဖိုးမထားခြင်းကို ခံရသောအခါ
မကျေနပ်မှုကို ခံစားရပေမဲ့
ဘယ်တော့မှ မငြိုငြင်ရက်ပါလေ...
စွန့်ပစ်ခြင်းကို ခံစားရတဲ့အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ပေမဲ့
ဘယ်တော့မှ မေ့လျှော့၍မရနိုင်ပါလေ...
ငါဟာ မာနတရားများကို သင့်အား
ပေးအပ်ထားခဲ့မိတာ မို့လို့ပါလေ။ ။
No comments:
Post a Comment