“အမျက်ထွက်လေ့ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရနေရ၏၊ ထိုမှတစ်ပါး အကျိုးစီးပွားရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွားမဲ့သည့် အဖြစ်သို့ ရောက်၏။”
“အမျက်ထွက်တတ်သော အမျက်ဒေါသ နှိပ်စက်အပ်သောယောက်ျားသည် ထိုအမျက်ထွက်မှုကြောင့် ကိုယ် နှုတ်ဖြင့် သတ်ပုတ်ညှဉ်းဆဲမှုကို ပြု၍ ဥစ္စာ၏ဆုံးရှုံးခြင်းသို့ ရောက်၏။”
“အမျက်ဒေါသတည်းဟူသော ယစ်ခြင်းဖြင့် ယစ်သော ယောက်ျားသည် အခြံအရံ အကျော်အစောမရှိသည့် အဖြစ်သို့ရောက်၏၊ ဆွေမျိုးမိတ်သင်္ဂဟတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်ကုန်သော သူတို့သည်လည်းကောင်း၊ အမျက်ထွက်သ...
ူကို ရှောင်ကြဉ်ကုန်၏။ အမျက်ဒေါသသည် အကျိုးစီးပွားမဲ့ကို ဖြစ်စေတတ်၏၊ အမျက်ဒေါသသည် စိတ်ကို ဖျက်ဆီးတတ်၏၊ စိတ်၏အတွင်း၌ ဘေးကို ဖြစ်စေတတ်၏၊ ထိုသို့သောအကြောင်းကို ပညာနုံ့သူ လူအပေါင်းသည် မသိချေ။”
“အမျက်ထွက်သူသည် အကျိုးစီးပွားကို မသိနိုင်၊ အမျက်ထွက်သူသည် အကြောင်းတရားကို မမြင်နိုင်၊ အမျက်ဒေါသသည် သတ္တ၀ါကိုနှိပ်စက်သောအခါ အလွန်မိုက်မဲမှုသည် ဖြစ်၏။”
Friday, February 26, 2016
အမျက်ထွက်လေ့ရှိသူသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment