Thursday, March 31, 2016

<a target="_blank" href="http://www.picturesanimations.com/3d_smileys/"><img src="http://www.picturesanimations.com/3/3d_smileys/0504.gif" alt="Klik hier voor meer gratis plaatjes" border="0" /></a>


Friday, March 25, 2016

ငါနင့်ဆီမလာတော့ဘူး ... နောက်ထပ်ဘယ်တော့မှ

ငါနင့်ဆီမလာတော့ဘူး ... နောက်ထပ်ဘယ်တော့မှ

ရင်ဘတ်တွေအကြိမ်ကြိမ်ကွဲခဲ့ရတယ် နင့်တစ်ယောက်ကြောင့်ပါပဲ ..
ငါကအချစ်ကို ကိုးကွယ်လွန်းလို့လား အချစ်ကို သစ္စာမဲ့ခဲ့မိလို့လား..
မချစ်ခဲ့သူတွေကို စိမ်းကားခဲ့မိလို့လား.. အရင်ဘ၀ကပဲ သူတစ်ပါး
အချစ်တွေကို ပြိုကွဲစေခဲ့မိလို့လား..
အချစ်နဲ့ပတ်သက်ရင် ဘယ်တော့မှ ကောင်းမွန်မှုမရခဲ့ဘူးတာ
ဘာကြောင့်လဲ ...
၅၂၈၊ ၁၅၀၀ ဘယ်အချစ်မှ မကောင်းမွန်ခဲ့တဲ့ ဘ၀တစ်ခုပါ ..
ငါနင့်ကိုချစ်ခဲ့ပါတယ်.... ငါသူ့ကို နင့်ထက်ပိုချစ်ခဲ့တယ်...
ငါသူ့ကို သံယောဇဉ်ရှိခဲ့ပါတယ်... ငါနင့်အပေါ် သူ့ထက်သံယောဇဉ်ပို
ခဲ့မိတယ် ..
ဒါတွေကို နင်သိသားရက်နဲ့ဟာ.. နင်ငါ့ဘက် နည်းနည်းလေးတောင်
တွေးမကြည့်ခဲ့တာ ဘာကြောင့်လဲ ...
ငါခံစားရတာတွေ... နင်တမင်များဖန်တီးခဲ့တာလား ..
ငါနင့်ကိုသေလောက်အောင် ချစ်ပြခဲ့ချိန်မှာ နင်ကတော့အေးဆေး ..
ငါ့မှာအခြားသူရှိ လာချိန်ကျ နင်ငါ့ကိုသစ္စာမဲ့တယ် ပြောပြန်တယ်..
ခုတစ်ခါ ငါနင့်ကိုသေလောက်တဲ့အထိ အလျှော့ပေးထားချိန်မှာ..
နင့်ဘက်က အားလုံးကိုအနိုင်ယူဆဲပဲ... ငါ့ခံစားချက်ကိုလည်း
နင်အလေးမထားပဲနဲ့ပေါ့.
ငါနင့်နားက ထွက်သွားတော့မယ်... ငါထွက်သွားလည်း နင်နေနိုင်ပါတယ်...
တသက်လုံးလည်းနိုင်ပါစေဆုတောင်းခဲ့ပါတယ် ..
အစကတော့လေ အခြေအနေတစ်ခု ပြောင်းလဲသွားမှသာ ငါနင့်ကိုစွန့်ခွာဖို့
တွေးထားခဲ့တာ ..
နင်နဲ့ပတ်သက်ပြီး တခြားတစ်ယောက် အကြောင်းတွေ ငါအကုန်
မေ့ထားခဲ့တာ..
အခုတော့ နင်က တခြားသူနဲ့ ငါ့မျက်မြင်မှာတောင် ရူးရူးမူးမူးပျော်မြူးလို့ ...
နင်ပျော်နေတာ ငါဝမ်းသာပါတယ်.. ငါ့နှလုံးသားကို ပေးအပ်ခဲ့ပါတယ် ...
ငါ့ရင်ထဲက သွေးစိမ်းရှင်ရှင် ဆွဲထုတ်ပြီးတော့ပေါ့ ..
နင်ပျော်ပါစေတော့ ..
V Day တဲ့လား..
ငါကတော့နင့်အတွက် လက်ဆောင်တွေပြင်ဆင်လို့..
ငါနင့်ဆီမလာတော့ဘူး ..... နောက်ထပ်ဘယ်တော့မှ ........
ငါနင့်ဆီမလာတော့ဘူး ......


Saturday, March 5, 2016

အပျိုကြီးများအတွက်

အပျိုကြီးများ အတွက် ကြေငြာချက်များ...

ကြေညာချက် အမှတ် ၃/၂၀၀၉ ( အပျိုကြီးများ သိသာရန် )

၁. သတ်မှတ်ချက်(က)

အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။

(ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် ... အော် ... လက်ကိုပြောတာပါ..)

ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက် အခြေအနေကိုသာ ဆိုလိုသည်။

သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ... လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစား ထိုးခြင်း ပြု လုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဖြစ်သည်။


၂. သတ်မှတ်ချက်(ခ)

လက်ရှိရည်းစား ရှိသော်လည်း လစာကို လည်းကောင်း ကုန်ဈေးနှုန်းကို လည်းကောင်း အမျိုးမျိုး အကြောင်းပြပြီး လက်ထပ်ရန်အချိန်ဆွဲနေ သူများသည်လည်း နောက်တိုးစာရင်းဖြင့် အကျုံးဝင်ကြောင်း ရှင်းလင်းစွာ သိရှိစေရမည်။







တားမြစ်ချက်(က/၁)

အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော် လည်းကောင်း ငယ်ရွယ်သူ အမျိုးသမီး ငယ်လေးများကိုသော် လည်းကောင်း ယောက်ျားမကောင်းကြောင်း ပြောကြားပါက အပြစ်ကြီးပါက ချက်ခြင်း ကတုံးရိတ်ပြီး သီလရှင် ၀တ်ပေးခံရမည် ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၂)

အချစ်ရေးနှင့်ပါတ်သတ်ပြီး အချစ်သည် မကောင်းကြောင်း အထက်ပါအတိုင်း ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ (ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊ အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁ နာရီတိတိ မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။

(သို့မှသာ အပြစ်ကို အကျိုးဆောင်ပြီးကျေစေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၃)

အိမ်ထောင်ရေးနှင့် ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူ အပျိုကြီးများသည် အိမ်ထောင်ရေး မကောင်းကြောင်းကို (ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင် စာတွေ့လက်တွေ့ကို ကာလအပိုင်း အခြားတခုအထိ သင်တန်းတက် ရောက်ရမည်။

မှတ်ချက်(၁)။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့ ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်း သိရှိစေရမည်။

တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြ ဆရာများ အလိုရှိနေသည်ဖြစ် ရာ ယောက်ျားတို့ တတ်အပ်သော ပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက်လျောက်ထားနိုင်သည်။

(လူဦးရေ ကန့်သတ်မထားသော်လည်း ဦးရာလူ နေရာကောင်း ရမည်)

မှတ်ချက်(၂)။ ။ အဆိုပါအပျိုကြီးများပြစ်မှုကျူးလွန်ရာတွင် ပါးစပ်ဖြင့် မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။

Final တားမြစ်ချက်

ယောက်ျားများ၏အချစ်သည် မယုံကြည်ရသောကြောင့် ၄င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက် (၁။က/ခ/ဂ)တို့အား တပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃) ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။



နောက်ဆုံးပိတ်ကြေညာချက်

အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား အချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်စောင့်ရှောက်ရေး အသင်းကြီးမှ နေ့ည မပြတ်ေ စာင့်ကြည့်ခြင်း ခံရမည်။

အခါအခွင့်သင့်သော လူသားမျိုးနွယ်စောင့်ရှောက်ရေး ဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်းခံ ရမည်။

အပျိုကြီးများ ရှင်းလင်းစွာ နားလည်သဘောပေါက်စေလိုသည်မှာ မိမိတို့ ညံ့ဖျင်းသောကြောင့်သာ ဘ၀ကြင်ဖော် ရှာမရသေးသည် ဖြစ်ကြောင်း ပင်ဖြစ်သည်။

(ကြေညာချက် ၄/၂၀၀၉ မကြာမီ မျှော် ... )

အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်စောင့်ရှောက်ရေး အသင်းကြီး၊မြန်မာပြည်ရုံးခွဲ။


Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်

Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
=====================================
အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။

အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ......... ========================================== - Friend အသားကုန် Add ခြင်း ------------------------------ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း ----------------------- အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း --------------------- ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း ------------------------------- User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း ---------------------------- ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း ------------------------ Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း ----------------------------- ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း ------------------------------ ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း ----------------------- Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း ------------------------ ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင် -------------------------------- ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင် ---------------------------- ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ ----------------------------- အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။ အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။


Friday, February 26, 2016

ဘဝ

.. လောကကြီးမှာ..တကယ်မစွမ်းမသန်ဆိုတာတစ်ခုထဲရှိတယ်ဗျ ..

ခန္နာကိုယ်.ကိုယ်လက်အင်္ဂါ.ချို့တဲ့တာမဟုတ်ဖူးဗျ....

စိတ်ဓာတ်..ချို့တဲ့တာကမှတကယ့်..မစွမ်းမသန်ဗျ...

စိတ်ဓာတ်အဆင့်အတန်းမရှိတာကမှတကယ့်...ဒုက္ခိတ ဗျ...

မိုးထဲလေထဲ တောင်မရုန်းချင်တော့ဘူးဆိုပြီး...စိတ်လျှော့လိုက်ရင်တော့သွားပြီလေ...

ကိုယ့်ဘဝကြီးမှာ...လေ...

ထာဝရ. ရန်သူ
ထာဝရ မိတ်ဆွေ....ဆိုတာမရှိသလို...

ထာဝရပြိုင်ဘက်ဆိုတာ..ကိုယ့်အပေါင်းအသင်းတွေထဲမှာမရှိပါဘူး....

ကိုယ့်စိတ်ထဲမှာပဲရှိတယ်...

ကိုယ့်ကိုယ်ကို ပဲပြိုင်ပါ...

ဘဝဆိုတာ ဒိုင်လူကြီးလဲမရှိဘူး....အမြဲအနိုင်ရတဲ့လူမရှိသလို...အမြဲအရှုံးသမားဆိုတာမရှိပါဘူး...

စိတ်ချ...ကိုယ်အရှုံးမပေးသရွေ့ ဘဝကကိုယ့်အပေါ်ဘယ်တော့မှအနိုင်မရပါဘူး...


လူအမျိုးမျိုးရှိတယ်

လူအမျိုးမျိုးရှိတယ်။
တချို့က အသက်ကြီးပြီး အချိန်မစီးဘူး။
အတ္တပိုကြီးလာပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတယ်။
တချို့ကတော့ အသက်ကြီးလာလေလေ ရင့်ကျက်လာလေလေမို့
လူတွေအတွက် အတုယူအားကျစရာကောင်းအောင် တန်ဖိုးမြင့်လာတယ်။
အတိတ်ကပြုခဲ့ဖူးတဲ့ ကုသိုလ်ကံကြောင့်
မာန်တက်နေတဲ့ သူတွေလည်း ရှိသေးတယ်။
သူတို့ရဲ့ ရာထူးဂုဏ်၊ ပစ္စည်းဥစ္စာကြွယ်ဝမှုကြောင့်
လူတွေကို အထင်သေးပြီး မတူမတန်သလို ဆက်ဆံချင်တယ်။
သူတို့ကို ကြည့်ပြီး ဖေဖေသနားတယ်။
သူ့ပိုင်ဆိုင်မှုတွေက ခိုင်မြဲမယ်လို့ သူထင်နေသလားမသိ။
ဒီလိုလူမျိုးတွေက အတ္တတွေပိုကြီးကြီးလာလို့
လူကြီးဖြစ်လာတာထင်ပါရဲ့ ။သနားတယ်။
အဲ့ဒီလို လူကြီးမျိုး သားကို မဖြစ်စေချင်ဘူး။
အတွေးအခေါ် အသိဥာဏ်တွေ ရင့်ကျက်ပြီး
အသက်ကြီးလာတာနဲ့အမျှ လူတွေတန်ဖိုးထားလေးစားရတဲ့
လူကြီးမျိုးပဲ သားကို ဖြစ်စေချင်တယ်။


ထူးထူးခြားခြား မှတ်သားစရာများ

ထူးထူးခြားခြား မှတ်သားစရာများ "
(၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်… (၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်… (၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်… (၄) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်… (၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်… (၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက်နှလုံးခုန်နှုန်းမြန်ပါတယ်… (၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်… (၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်… (၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်… (၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်… (၁၁) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်… (၁၂) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်… (၁၃) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ပြန်သွားတတ်ပါတယ်… (၁၄) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်… (၁၅) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်… (၁၆) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်… (၁၇) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်… (၁၈) ဧဝရတ်တောင်ထိပ်မှာ သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိပါတယ်… (၁၉) ကမ္ဘာ့နာနတ်သီးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ဟာဝိုင်အီကျွန်းက ထုတ်လုပ်ပါတယ်… (၂၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီးစတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး… (၂၁) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်..


အားလုံးအလကား

ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …

ကမ်းစပ်ကခြေရာ ရေလှုင်းတစ်ခတ်မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ပညာ ဥစ္စာ အာဏာ ဆွေမျိုး
ရုပ်ရည် ဂုဏ်ရည် ပိုင်ဆိုသမျှ
အရာအားလုံးဟာ သေမင်းနဲ့အတွေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
လေအဝှေ့မခံရတဲ့ ရနံ
မီးတစ်ပွင့်မထိတဲ့ ဖယောင်းသား
ရေလှိုင်းအခတ်မခံရတဲ့ ကမ်းစပ်ကခြေရာ
ရှိနိုင်ပေမယ့်လည်း
သေမင်းနဲ့မတွေ့တဲ့ သက်ရှိဆိုတာ
လုံး … … ၀ မရှိပါ …
သေမင်းကြောက်တာ
တစ်ခုတည်းပါ
အားကိုးစရာ
ဝိပဿနာ …


ကျူငုတ်......

အရောင်ကလေးမြင်တုန်းက
အားနာတာနဲ့
မြင်တယ်လို့ မမှတ်ခဲ့တာ
ခုတော့ အရောင်ကလေးက
နှလုံးသားကို ဆေးခြယ်နေပြီ …

အသံကလေးကြားတုန်းက
အားနာတာနဲ့
ကြားတယ်လို့ မမှတ်ခဲ့တာ
ခုတော့ အသံကလေးက
နှလုံးသားထဲ လိုက်(ဖ်)ရှိုး ကျင်းပနေပြီ …
တဏှာကျူငုတ်
မခုတ်မိခဲ့လို့
ဥပါဒါန် ကျုတော
နှလုံးသားကိုဝါးမြို
သမုဒယ အဆိပ်တတ်
ဒုက္ခပန်းတွေ ဝေနေပြီ …


ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ ***

၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။

၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း ဖြစ်တယ်။

၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။

၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
ဘယ်တော့မှ မရောက်ဘူး မှတ်။

၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့ ပြပါ။

၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။

၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။

၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။

၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။

၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။

၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။

၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက် ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။

၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။

၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။

၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာဆိုတဲ့ ၃ တန်း။

၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်း သွားလို့မရနိုင်ဘူး။

၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။

၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင် အခုသေရဲ မသေရဲ ပြန်တွေးကြည့်။

၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။

၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊၁ ကနေ ဆင်း လာတာလား? သတိထား။

၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။

၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။

၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။

၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။တကယ်အောင်မြင် ချင်ရင် အခုပဲ စလုပ်ပါ။

၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။

၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ အရေးကြီးတယ်။

၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။

၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။

၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။


အချစ်နဲ့ဘဝ

ကိလေသာမကုန်သေးတဲ့သတ္တ၀ါတိုင်းရဲ့သန္တာန်မှာ အချစ်ဆိုတာ ရှိနေကြဦးမှာပါ။ အဲဒီအချစ်ကို ပယ်ဖျောက် နိုင်ဖို့ဖြစ်စေ၊ မှန်ကန်တဲ့နည်းနဲ့ ချစ်တတ်အောင်ဖြစ်စေ ပြုလုပ်တတ်ဖို့အတွက်က ဘာသာတရားရဲ့ အဆုံးအမ၊ မှန်ကန်တဲ့ အသိဉာဏ်များ ရှိမှဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မေတ္တာနဲ့ချစ်ရင် လမ်းမှားမရောက်၊ ဒုက္ခ မရောက်တတ်ပေမဲ့ တဏှာနဲ့ချစ်တဲ့အခါမှာ နည်းလမ်းမမှန်၊ ချစ်နည်းမမှန်ပါက ဒုက္ခပင်လယ်နဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ချစ်နည်းနဲ့ ချစ်တဲ့အခါ တကယ်ချစ်ရာရောက်ပြီး အပေါ်ယံချစ်ခြင်းကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် မှန်ကန်တဲ့အသိပညာ ဘာသာရေးတရားများ သိရှိထားဖို့ လေ့လာထားရပါလိမ့်မယ်။ ဘာသာရေးဆိုတာ မှားတဲ့ဘက်ကို မရောက်အောင်၊ မှားတာကိုမပြုလုပ်မိအောင်၊ စိတ်သက်သာရအောင် အားထားရတဲ့၊ ကူညီပေးတဲ့အရာဖြစ်နေတာမို့ မသိမဖြစ် သိထားရမဲ့အရာပါ။
ဘ၀တစ်ခုမှာ အယူဝါဒလွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင် လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်ရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက်အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာ ကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာ ရေရှည်ခရီးကောင်းစားရန် ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒီလို ကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘ၀မှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘ၀များစွာမှာလည်း ကောင်းတာ များဆက်လုပ်ပြီးသကာလ ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

ယခုခေတ်လူတွေဟာ ရေရှည်ကောင်းကျိုးခံစားရမဲ့ဟာကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့် ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်နေကြပါတယ်။ နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားကြည့်ရင် ဘယ်အလုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေကို ကိုယ်ပဲပြန်လည်ခံစားရမယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀တစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်မမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထား စဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှား လုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာ ယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကိုပါသွား၊ ပြောင်းသွား တတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစား ချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

မင့်ကို ကိုယ် တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့ လက်ထက်ပြီးတဲ့ အခါကျရင်လည်း ကိုယ်ကမင်းနဲ့အတူ မင်းယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘ အစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလို ပြောဆိုတဲ့ လူများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဒီမိန်းကလေးက ဘယ်လို ယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှ ကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အပိုင်သေချာအောင် သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းစားဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။

အဆိုးဆုံးကတော့ မိဘဖြစ်သူကပါ ဘ၀များစွာအတွက်မကြည့်တတ်ဘဲ တစ်ဘ၀စာကိုပဲကြည့်ပြီး မိမိရင်သွေးများကို အယူမှားတဲ့ဘက်မှာ ထည့်ပေးကြတာတွေပါ။ ခေါင်ကမိုးမလုံရင် ကျန်တဲ့နေရာတွေက ဘယ်လိုလုပ်လုံတော့မလဲ ဆိုတာလို အုပ်ထိန်းသူမိဘ မောင်နှမများကပါ လိုက်လံသဘောတူတာတွေက ပိုဆိုးပါတယ်။ အဲဒီလိုလူတွေကတော့ မိမိသွေးသားများကို ကောင်းစားစေရေးအတွက်မဟုတ်ဘဲ မိမိအတွက် ကောင်းစားရေးကိုကြည့်တတ်တာရှိသလို တစ်ဘ၀ စာချမ်းသာနဲ့ ဘ၀များစွာဒုက္ခခံရမဲ့အရာများကို မတွေးတောမဆင်ခြင်ကြတာပါပဲ။ တကယ်တမ်းဆို အုပ်ထိန်းသူများက မိမိမျိုးဆက်သစ်များ လမ်းမှား၊ အယူမှားဘက်မမှားအောင်၊ တစ်ဘ၀စာထက် ဘ၀များစွာကောင်းစားရေးကို ပြုလုပ်ဆောင် ရွက်တတ်အောင် ပြုပြင်ထိန်းသိမ်းသွန်သင်ပေးရမှာပါ။ အယူဝါဒမတူသူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ မိမိတို့အယူဝါဒ ဘက်ကို မလိုက်ဘဲ သူတို့ဘာသာဘက်ကိုလိုက်ရမယ်ဆိုပြီး အတင်းအကျပ်စေခိုင်းတာမျိုးတွေကြောင့် မိမိယုံကြည်ချက် များ ပျောက်ဆုံးသွားရတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါကြောင့် မိမိတို့လျှောက်လှမ်းရမဲ့ ခရီးရှည်ကြီးမှာ အဓိကကျတဲ့ အယူဝါဒမှားယွင်းမှုကို ယခုဘ၀မှာရော နောင်ဘ၀များစွာမှာပါ မဖြစ်ရလေအောင် မိမိတို့ကိုယ်တိုင်လည်း စဉ်းစားဆင်ခြင်ဝေဖန် စမ်းစစ်ရမှာဖြစ်သလို မိမိတို့ရဲ့ မိဘမောင်နှမများကလည်း သံသရာခရီးရှည်ကိုကြည့်ပြီး တစ်ဘ၀ ကောင်းစားရေးကို မကြည့်ကြမိဖို့ သတိထားရပါလိမ့်မယ်။

မိမိနဲ့ဘာသာအယူဝါဒ လူမျိုးမတူသူနဲ့ လက်မထပ်လို့မရတဲ့အခြေအနေကို ရောက်ရှိနေလို့ လက်ထပ်ပေါင်းသင်း ရမယ်ဆိုရင် ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင် သေချာလေး အချိန်ယူလေ့လာ သုံးသပ်ပေးရပါမယ်။ မိမိကိုတစ်ကယ်ချစ်တဲ့လူဆိုရင် ထိုသူဟာ မှန်တဲ့ဘက်ကိုလိုက်လာမှာမို့ ဘယ်သူကမှားတယ်၊ မှန်တယ်ဆိုတာသိရအောင် အယူဝါဒတစ်ခုရဲ့ လုပ်ရပ်နဲ့ရည်မှန်းချက်များ၊ စိတ်အေးချမ်းသာမှု ရှိမရှိတို့ကို လိုက်လံစစ်ဆေး ကြည့်လိုက်ရင် အဖြေထွက်လာမှာပါ။ အဲဒီလို ဘယ်သူဘက်ကမှန်တယ်၊ မှားတယ်ဆိုတာ အဖြေထွက်လာတဲ့အခါမှာ မှန်တဲ့ဘက်ကိုလိုက်လံဖို့အတွက် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ မှန်ရာကိုဦးစားပေးဆုံးဖြတ်ပြီး လမ်းမှန်ကိုနှစ်ဦးသဘောတူ ဘ၀တစ်ခုကို တည်ထောင်ကြရပါမယ်။ မိမိတို့ အမှန်တရားကို စမ်းသပ်လို့တွေ့ရှိတာကို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။ ဖြစ်နိုင်ရင်တော့ မိမိနဲ့ဘာသာ လူမျိုးမတူသူများကို ဝေးဝေးကနေ ရှောင်နိုင်လေ အကောင်းဆုံးပါပဲလေ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့ လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တချို့ကျတော့လည်း အိမ်ထောင်ပြုတယ် ဆိုတာ ဆေးပေးမီးယူအတွက် လိုတယ်ဆိုပြီးအကြောင်းပြကြပါသေးတယ်။

အဲဒီလိုအကြောင်းပြချက်သာ တကယ်တမ်းမှန်ပါက အဖိုးကြီး၊ အဖွားကြီးများ လမ်းပေါ်မှာ တစ်ယောက်တည်း သွားလာနေရခြင်း၊ လိုင်းကားစီးတဲ့အခါ တစ်ယောက်တည်းစီးနေရခြင်း၊ လက်တွဲခေါ်ရမဲ့ အရွယ်မှာ တစ်ဦးနဲ့တစ်ဦး လက်တွဲမသွားကြဘဲ ဖြစ်နေကြရတာတွေဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မိမိတို့အကြောင်း ပြချက်က အိမ်ထောင်ပြုတာဟာ အသက်ကြီးတဲ့ အခါ ဆေးပေးမီးယူရအောင်လို့ ပြောဆိုထင်ထားခဲ့ပေမဲ့ မိမိအိမ်ထောင် ဖက်က အရင်သေသွားရင်လည်း မိမိမှာ ဆေးပေးမီးယူမရနိုင်သလို မိမိသားသမီးများက မလိမ်မာလို့ဖြစ်စေ၊ အိမ်ထောင်ခွဲ သွားလို့ဖြစ်စေ မိမိတစ်ယောက်တည်း ဘ၀လမ်းခရီးကြမ်းကို လျှောက်လှမ်းနေရတဲ့အခါမှာ မိမိအိမ်ထောင်ပြုစဉ် က ပြောခဲ့တဲ့ ဆေးပေးမီးယူစကားဟာ ဘယ်မှာလဲလို့ ပြန်လည်သတိရလိမ့်မယ် ထင်ပါတယ်။

မိမိအိမ်ထောင်ဖက်က ဘ၀တစ်ပါးပြောင်းသွားလို့ ကျန်တဲ့သူက ဖြစ်သလိုဘ၀ကို လျှောက်လှမ်းရတာဆို ခံသာပါပေတယ်။ ဒါပေမဲ့ နှစ်ဦးလုံး အသက်ရှင်ရှိနေပါလျက် တစ်ယောက်တည်း လမ်းမပေါ်မှာ အဖော်မပါဘဲ လမ်းမလျှောက်နိုင်တာကို လမ်းလျှောက် နေရခြင်း၊ လိုင်းကားစီးတဲ့အခါ မလှုပ်နိုင်မသွားနိုင်ဖြစ်နေပေမဲ့ လျှောက်လှမ်းနေရခြင်းတွေဟာ တကယ်တမ်း မိမိအတွက် ဆေးပေးမီးယူစကားအတိုင်းဆို မဖြစ်သင့်ပါ။ အဲဒီအတိုင်းမဟုတ်လို့ ခုလို တစ်ယောက်တည်းနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြရတာမို့ ဆေးပေးမီးယူဆိုတဲ့အကြောင်းပြချက်ဟာ မှန်ကန်မှုမရှိဘူးဆိုတာ သိသာနေပါတယ်။

တချို့က တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုပြီး ပြောဆိုတတ်ကြပေမဲ့ မိမိပြောဆိုထားတဲ့လူနဲ့ မပေါင်းသင်းရရင် လည်း တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေ ပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေး ဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသော အရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများ စုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သာသနာထွန်းကားနေ ချိန်လေးမှာ အချစ်ရေးနဲ့ ဘာသာရေးကို စဉ်းစားတဲ့အခါ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထား စဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ကြပါနဲ့။ ဘာသာရေးအယူမှားမှုဟာ ဘာမှမဟုတ်ပါဘူးဆိုပြီး ဖြစ်သလိုစဉ်းစား ဆုံးဖြတ်ကာ အယူမှားမှုဘက်ကိုလိုက်သွားမိရင် မိမိတစ်ဘ၀စာ ကောင်းစားခဲ့မယ်ဆိုရင်တောင် နောက်နောင် ဘ၀များစွာမှာ ဒုက္ခများစွာ ခံစားရမှာမို့ ထိုက်တန်တဲ့ပေးဆပ်မှု မဟုတ်ဘူးဆိုတာ သေချာစဉ်းစားကြည့်ရင် သိပါလိမ့်မယ်။

ဒါကြောင့် ရခဲလှတဲ့မိမိရဲ့ဘ၀လေးကို တစ်ဘ၀စာကြည့်ပြီး ဘာသာအယူ လွဲမှားမှုများမဖြစ်အောင် သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကို လျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလျက်……………။


ကိုယ့်အကြောင်းနဲ့ ကိုယ်

အမှားတွေနဲ့ အသားကျနေတဲ့သူ
အမှန်တရားဆိုတာက သူ့ရန်သူလား
သစ္စာတရားအတွက် အသက်နဲ့လဲပြီး
သက်သေထူတဲ့သူဆိုတာ
ရှိတော့ရှိတယ် ရှားမယ်။အမှောင်ထဲမှာ အနေကြာလာရင်
အလင်းမြင်တိုင်း မျက်စေ့စူးပြီပေါ့
အလင်းကနေ အမှောင်ထဲကို ၀င်လာသူအဖို့မှာတော့
ရုတ်တရက် ဘာကိုမှ သဲသဲကွဲကွဲမမြင်ချင်
ဒါပေမဲ့ အသားကျလာရင် အမြင်ကြည်လာလိမ့်မတဲ့။

အနက်အိုးထဲကို အဖြူတစ်စက်ရောရင်
အရောင်ပြောင်းမယ်လို့ ထင်ကြသလား
အဖြူကတော့ အနက်တစ်ပေါက်စင်ရင်တောင်
သူ့ဂုဏ်သတ္တိ ပြယ်ချင်တယ်
ဒါဆို... အဖြူများများ အနက်နည်းနည်းဆိုရင်ရော...။

သူများအကြောင်းတွေးတယ်ဆိုတာ အဝေးကိုလှမ်းကြည့်ရသလိုပါ
တကယ်က ကိုယ့်အကျိုးကိုသာ ကိုယ်အရင်ကြည့်တတ်တာ
ပုထုဇဉ်တွေရဲ့ အနီးစပ်ဆုံး သဘာဝ
မရှိတဲ့သူကိုမှ စွန့်ကြဲပေးဖို့ သဒ္ဒါကောင်းချင် ကောင်းနိုင်ဦးမယ်
မသိတဲ့သူကတော့ ဘယ်လောက်အားစိုက်စိုက် ဝေးနေဆဲပါပဲ။

အမှန်နဲ့အမှားကို ဥာဏ်ပညာနဲ့ခွဲခြားသိသလို....
အမှောင်နဲ့အလင်းကို သဘာဝတရားက ညှိချိန်ပေးသလို....
အဖြူနဲ့အနက်ကို လောကကြီးမှာ တွဲစပ်ထားသလို....
အနီးအဝေးချိန်ဖို့ ဆုံချက်ပျက်နေတဲ့ ကင်မရာတစ်လုံးလို...

ကဲ... ခင်ဗျားကရော
ကိုယ့်အကြောင်း ကိုယ် ဘယ်လောက်သိပြီလဲ။


စိတ်ချမ်းသာဖို့

လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်
ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --
(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေကိုယ်ပိုင်ဖြစ်စေကြိုးစားဖို့လိုအပ်တယ် အဓိက ကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )

(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်၇ှင်ဖြစ်ဖြစ်ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကိုရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်ကိုယ်ရဲ့ ဂတိကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊

(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင်ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ၀ီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူကအမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူခြင်းတူလျှင် စေတနာရှိသူကအမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြေ7:g|_]g [wn
အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ခ?zw=n鏯]Kwနှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။
အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့
လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊
ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြောင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကြေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊
ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကြေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓိက
ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ
ရေစုံမြောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်
ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှမဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၃) စိတ်ချမ်းသာဖို့

ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ
အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ

အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့
ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်
အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ
ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို
တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊မြန်မာစကားပုံကတော့ ``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ
ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ
ယုံကြည်ဖို့လိုတယ်တစ်ခါတစ်လေအကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘ၀ပြောင်းလဲတတ်ပါ တယ် ဒါပေမယ်အဲဒါဟာအထောက်ပံ့မျှသာပါပဲအဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာအကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်ဟာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ
ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်``
ဆိုတာလောက်ပဲပြောကြမှာလေ ၊တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?
နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ရေးယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊
နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊
နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်းဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း
ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကိုထူထောင်အောင်ကြိုးစားရမယ်လေ၊
လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့
အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို
သေသေချာချာကြိုးစားပြီးဘ၀ကိုတည်ဆောက်ကြပါ............။


စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ....

ငါ ကံဆိုးတယ်လို့ တွေးရင် ဝမ်းနည်းမယ်။
ငါ့ကို ဂရုမစိုက်ကြဘူးလို့ တွေးရင် စိတ်ဆိုးမယ်။ ဝမ်းနည်းမယ်။
ငါ့ကို မပေးဘူးလို့တွေးရင်လည်း ဝမ်းနည်းမယ်။ နာကြည်းမယ်။
ဒီခံစားချက်တွေ ဒီလို ဝမ်းနည်းတာတွေ၊ စိတ်ဆိုးတာတွေ နာကြည်းတာတွေကိ သေသေချာချာ
ကြည့်ရင် ကိုယ့်အကြောင်းကို ကိုယ် တွေးတာ များလို့ ဖြစ်ရတာကို တွေ့ရမယ်။

ကိုယ်က လိုချင်တာနဲ့ ကိုယ်ရတာနဲ့ကွာနေလို့၊ ကိုယ်ရတာ နည်းနေတယ်လို့ ထင်လို့၊
ဝမ်းနည်းတာ စိတ်ဆိုးတာ၊ နာကြည်းတာပါ။
ငါ ရသင့်သလောက်မရဘူးလို့ ထင်နေလို့ မကျေနပ်တာ။

++++++++++++++++++++++++++++++++++++

ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ရင် မကျေမနပ်ဖြစ်စရာ မလိုတော့ဘူး။
စိတ်ချမ်းသာချင်ရင် သူများဆီက ရဖို့ မျှော်လင့်တာကို လျှော့ပါ။
ကိုယ်တတ်နိုင်တာကို လုပ်ပါ။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ အကြောင်းပြချက်တွေ များလေလေ စိတ်ချမ်းသာဖို့ ခက်လေလေပဲ။
ဘာအကြောင်းပြချက်မှမရှိပဲ စိတ်ချမ်းသာအောင် နေနိုင်ရင် အမြဲ စိတ်ချမ်းသာမယ်။
စိတ်ချမ်းသာမှုအစစ်ဟာ အကြောင်းပြချက်မရှိဘူးဆိုတာ ကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။
လိုချင်တာ ရရင် စိတ်ချမ်းသာမယ်လို့ ထင်ကြတယ်။
ရှာရင်းနဲ့မောနေပြီ။
လိုချင်တာက များများလာတယ်။
လိုချင်တာရလေ လိုချင်တာ ပိုများလေ ဖြစ်လာတယ်။

++++++++++++++++++++++++++++++++++++

ဘာအကြောင်ပြချက်မှ မရှိပဲ စိတ်ချမ်းသာနေတဲ့သူဟာ စိတ်ဓာတ်အင်အားကြီးတဲ့သူပဲ။
သူ့ကို ဘယ်သူကမှ စိတ်ဆင်းရဲအောင် လုပ်လို့မရရင်
သူ့ကို ဘယ်သူကမှ လွှမ်းမိုးလို့ မရတော့ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာချင်ရင် လိုချင် ဘယ်လိုကိစ္စပေါ်မှာမှ မမှီပါနဲ့။
ကိုယ် မှီထားတဲ့အရာက လှုပ်ရင် ကိုယ်ပါ လှုပ်နေမယ်။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။


အသိပေးစကားစုများ

၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။
၂ ။ သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့ တစ်မျိုးစီအလှ ကိုမြင်တတ်ရင်ဘယ်လောက် သာယာလိုက်မလဲ7xyO]O ݝ[w။ ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက်ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့ မျိုသိပ် မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှုပွင့်လင်း တဲ့ သည်းခံမှုတွေ ဖြစ်နေပါပြီ။

၎ ။ မကောင်းတာကိုကြောက်ပြီး မကောင်းလုပ်သူကို သနားလိုက်စမ်းပါ၊ မကောင်းတဲ့သူကို စိတ်ဆိုးလိုက်တာနဲ့ ကိုယ်ပါ သနားစရာသတ္တ၀ါစာရင်းဝင် သွားပြီ။

၅ ။ ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့  “ တောင်းပန် ပါတယ် “ ဆိုတဲ့ စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။

၆ ။ ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင်တတ်တယ်။

၇ ။ ကဲ့ ရဲ့ စရာတွေ့ ရင်ပါးစပ်ကိုတတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့်ချီးမွမ်း စရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။

၈ ။ သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ က ကောင်းဖို့လိုတယ်။ သူတို့ အကြိုက်လိုက်ပြီး မရေးနဲ့ ။

၉ ။ သူတစ်ပါးလဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ်ချော်လဲနေ တာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။

၁၀။ ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကိုဖတ် တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။

၁၁။ “ ကိုယ့်ကိုသာအချစ်ဆုံးပါပဲ။ “ ဒီစကားကိုမယုံရင် တစ်လောကလုံး ရဲ့ အလိမ်အညာတွေကိုခံနေရပြီမှတ်။

၁၂။ အသိပေးဆုံးမပေးမည့်သူကို ရှာသင့်ပေမယ့် ကိုယ့်စကားနားထောင် မည့်သူကိုပဲ ရှာနေကြတယ်။

၁၃။ အပြစ်ကိုကဲ့ရဲ့ တာနဲ့ လူကိုကဲ့ရဲ့ တာ၊ ခွဲခွဲခြားခြားသိတတ်ကြရင် ကဲ့ ရဲ့ မှု ကလွတ်မယ်။

၁၄။ လျှာကို သွားက ကိုက်မိတတ်တယ်၊ ဒါပေမယ့် ကိုယ့် လျှာကိုတော့ သူများရဲ့ သွားက လာပြီးမကိုက်ပါဘူး။

၁၅။ ကျွေးတာအကုန်စား ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက် ပါနဲ့ ။ ။

၁၆။ “ ကိုယ်ချင်းစာတယ် “ ဆိုတာ ကိုယ် လောဘ ဒေါသကြီးသလို သူ လည်း လောဘကြီး ဒေါသကြီးမှာပဲလို့ ထင်တာမျိုးမဟုတ်ပါဘူး။ တကယ် ကိုယ်ချင်းစာတတ်ရင် သူများချင်းလည်း စာနာတတ်လာတယ်။

၁၇။ မျက်စိစွေနေသူကို “ ကြည့်ရတာတော်တော်ခက်မှာပဲ “ လို့ အထင် နဲ့ တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး။သူဟာနဲ့ သူတော့ အဆင်ပြေနေ တယ်ဆိုတာ သိလိုက်စမ်းပါ။

၁၈။ ရယူထားနိုင်ရင် အရသာရှိတယ်တဲ့ ၊ ပေးစွန့် လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာချင်းတော့မတူပါဘူး။

၁၉။ သူ့ အတွက်ပါဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ ငါ့အတွက်ပါဆိုပြီး သူ့ ဖို့ ပါ တတ်တယ်။ ငါနဲ့ သူမျှရဲ့ လား။

၂၀။ အထင်သေးတတ်ရင် အားလုံးကို အထင်သေးတယ်။ အထင်ကြီးတတ် ရင်လည်း အားလုံးကိုအထင်ကြီးတယ်။

၂၁။ နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလည်း ငါ့အတွက်သာကြည့် လိုက်ရင် …………?

၂၂။ အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ ရနိုင် သလို ပြဿနာကြောင့်ရရှိလာတဲ့ အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။

၂၃။ အများတကာရဲ့ ရှေ့ မှာထုတ်ပြောရဲတဲ့အတွေးကိုပဲ စဉ်းစားတော့မယ်။ ။

၂၄။ သိလျက်နဲ့ ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီး မပြောဝံ့တော့ဘူး။ အမှန်သိစမ်းပါ။

၂၅။ စကားပြောတတ်တာ ကောင်းပါတယ်။ စကားများတာ မကောင်းဘူး၊ စကားများရင် စကားများမယ်။


အနှိုင်းမဲ့မေတ္တာ

ပျက်ရယ်ပြုခြင်းကို ခံရသောအခါ
ဝမ်းနည်းသွားတတ်ပေမဲ့
ဘယ်တော့မှ စိတ်မဆိုးရက်ပါလေ...
အနိုင်ကျင့်ခြင်းကို ခံရတဲ့အခါ
အားငယ်သွားတတ်ပေမဲ့
ဘယ်တော့မှ မနာကြည်းရက်ပါလေ...
တန်ဖိုးမထားခြင်းကို ခံရသောအခါ
မကျေနပ်မှုကို ခံစားရပေမဲ့
ဘယ်တော့မှ မငြိုငြင်ရက်ပါလေ...
စွန့်ပစ်ခြင်းကို ခံစားရတဲ့အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ပေမဲ့
ဘယ်တော့မှ မေ့လျှော့၍မရနိုင်ပါလေ...
ငါဟာ မာနတရားများကို သင့်အား
ပေးအပ်ထားခဲ့မိတာ မို့လို့ပါလေ။ ။


အမျက်ထွက်လေ့ရှိသူသည်

“အမျက်ထွက်လေ့ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရနေရ၏၊ ထိုမှတစ်ပါး အကျိုးစီးပွားရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွားမဲ့သည့် အဖြစ်သို့ ရောက်၏။”
“အမျက်ထွက်တတ်သော အမျက်ဒေါသ နှိပ်စက်အပ်သောယောက်ျားသည် ထိုအမျက်ထွက်မှုကြောင့် ကိုယ် နှုတ်ဖြင့် သတ်ပုတ်ညှဉ်းဆဲမှုကို ပြု၍ ဥစ္စာ၏ဆုံးရှုံးခြင်းသို့ ရောက်၏။”

“အမျက်ဒေါသတည်းဟူသော ယစ်ခြင်းဖြင့် ယစ်သော ယောက်ျားသည် အခြံအရံ အကျော်အစောမရှိသည့် အဖြစ်သို့ရောက်၏၊ ဆွေမျိုးမိတ်သင်္ဂဟတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်ကုန်သော သူတို့သည်လည်းကောင်း၊ အမျက်ထွက်သ...
ူကို ရှောင်ကြဉ်ကုန်၏။ အမျက်ဒေါသသည် အကျိုးစီးပွားမဲ့ကို ဖြစ်စေတတ်၏၊ အမျက်ဒေါသသည် စိတ်ကို ဖျက်ဆီးတတ်၏၊ စိတ်၏အတွင်း၌ ဘေးကို ဖြစ်စေတတ်၏၊ ထိုသို့သောအကြောင်းကို ပညာနုံ့သူ လူအပေါင်းသည် မသိချေ။”

“အမျက်ထွက်သူသည် အကျိုးစီးပွားကို မသိနိုင်၊ အမျက်ထွက်သူသည် အကြောင်းတရားကို မမြင်နိုင်၊ အမျက်ဒေါသသည် သတ္တ၀ါကိုနှိပ်စက်သောအခါ အလွန်မိုက်မဲမှုသည် ဖြစ်၏။”


အချစ်ဆိုတာ...........

၁။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။
၂။ အချစ်ဆိုတာ အသုံးချခံနေရတဲ့ပစ္စည်းတစ်ခုလည်းဖြစ်တယ်။ ရယူပိုင် ဆိုင်လိုခြင်း ၊ ဂရုစိုက်ခံလိုခြင်း ၊ ကြင်နာမှု ရယူလိုခြင်းစတဲ့ အရာတွေကို အချစ်လို့ခေါင်းစဉ်တပ်ပြီး အချစ်ဆိုတာကို နေရာအနှံ့အပြားမှာ အသုံး ချနေကြတယ်။

၃။ တချို့က ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိရင် အဲဒီတစ်ယောက် ဆီက အချစ်ကို ပြန်လည်ရယူလိုကြတယ်။ ဒါဟာ သူတပါးကို ချစ်ခြင်း မဟုတ်ပဲ ကိုယ့်ကိုယ်ကို ချစ်ခြင်းသာ လျှင်ဖြစ်လိမ့်မယ် ။ တကယ်ချစ်
မိပြီဆိုရင် သူ့ဆီက ဘာမှလိုချင်စိတ်ရှိမှာမဟုတ်ပါဘူး ။ တစ်မိုးအောက်
ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိ ဘ၀ကို ကျန်းကျန်းမာမာ နဲ့ပျော်ရွှင်စွာ သူဖြတ်သန်းနေတယ်ဆိုတဲ့ အသိလေးနဲ့ တင် လောကကြီးက ကျေနပ်ဖို့ကောင်းပါတယ် ။

၎။ အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာ ဟာလည်း ကျေနပ်စရာကောင်းပါတယ် ။ သိပ်များများစားစား ရှုပ်ထွေး စရာမလိုပါဘူး။

၅။ တဏှာ ၊ ရမ္မက်အခြေခံထားတဲ့ အချစ်ဟာ ပြိုကျပျက်ဆီး လွယ်ပြီး မေတ္တာတရား အခြေခံထားတဲ့အချစ် သာလျှင် အေးငြိမ်းတည် မြဲနိုင်တယ်။

၆။ အချစ်ဆိုတာ ဘာမှမဟုတ်တဲ့ အကြည့်လေးတစ်ခု ၊ မျက်တောင်လေး တစ်ချက် ၊ ရင်ခုန်သံလေး တစ်ချက် နဲ့ နောက် ဆုံး အိပ်မက်လေးတစ်ခု လည်းဖြစ်နိုင်တယ် ။

၇။ အချစ်စစ်ဖြစ်ဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကန့်သတ်ချက်တွေ မလိုဘူး ၊ စစ်မှန်တဲ့ ရင်ခုန်သံသာ ဖြစ်ဖို့လိုတယ် ။

၈။ ပေါင်းရသည်ဖြစ်စေ မပေါင်းရသည်ဖြစ်စေ အချစ်ဟာ အချစ်ပါပဲ ။ အချစ်စစ် အချစ်မှန်အဖို့ ပေါင်းရခြင်း ၊ မပေါင်း ရခြင်းဟာ အဓိကမကျဘူး ။ ရင်ခုန်သံခြင်းနီးနေဖို့သာလိုတယ် ။

၉။ အချစ်စစ်ဆိုတာ တခြားသူတယောက်ကိုပြောင်းချစ်သွားရင်တောင် သူ့ အတွက် စေတနာမေတ္တာတ၇ားတွေက အရင်အတိုင်းရှိနေတတ်တာမျိုးပါ။

၁၀။ အတ္တ ၊ မာနနဲ့ သံသယ ဟာ အချစ်ရဲ့ ရန်သူဖြစ်တယ် ။ စောစောစီးစီး ရှင်းလင်းဖို့ လိုတယ် ။ နားလည် ခွင့်လွှတ်ပေးနိုင် မှုဟာလည်း အချစ်ရဲ့ မြတ်နိုးစရာဂုဏ်သတ္တိတစ်ခုသာဖြစ်တယ် ။

ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။ ချစ်နိုင်ကြပါစေ...။း


စိတ်ဝိညာဉ်ကို လှဲကျင်းပါ

လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုး ကို နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွား
တဲ့ ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။ အကြောင်းက ပိုလျှံတာတွေကို ရှင်း ထုတ်ပစ်လိုက်လို့ဖြစ်တယ်။
ကလေးဘဝက ပျော်စရာကောင်းပါတယ်။ သူတို့မှာ ဘာတွေးတော
ခံစားမှု၊ ဘာစိတ်ညစ်စရာမှ မရှိသေးလို့ဖြစ်တယ်။ အရွယ်ရောက်နေ
ပြီဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ဘဝရဲ့ဖိစီးမှုတွေ၊ တွေးတောမှုတွေက ရှုပ်ထွေး များပြားပြီး နာကျင်ခံစားမှုတွေကို တိုးချဲ့နေကြပါတယ်။

ကွန်ပြူတာက Recycle Binကို မကြာခဏ ရှင်းပေးရတယ်ဆိုတာကို ကွန်ပြူတာသုံးသူတိုင်း သိကြပါတယ်။ ဒါမှ နေရာလွတ်များများမယူဘဲ ကွန်ပြူတာရဲ့အရှိန်ကို မြန်စေမှာဖြစ်တယ်။ လူရဲ့ဦးနှောက်ကလည်း အဲဒီအတိုင်းဖြစ်တယ်။ အရာတိုင်းကို ချန်ထားလို့မရပါဘူး။ အသုံး မဝင်တော့တာတွေကို ပစ်ထုတ်ရပါတယ်။ ထက်မြက်သူတွေက အကောင်းအဆိုးကို ရွေးချယ်နိုင်သူ၊ အချိန်အခါကို သိတဲ့လူဖြစ်တယ်။ စိတ်ခံစားမှုများတဲ့လူတွေက ခရီးဝေးဝေး မတွင်သလို၊ စိတ်ခံစားချက် လုံးဝမရှိသူတွေက အများအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါတယ်။

ဘဝမှာလည်း အဲဒီအတိုင်းပဲဖြစ်တယ်။ စိတ်ကို အမြဲမပြတ်သန့်ရှင်း မှုတွေ လုပ်ပြီး စွန့်သင့်တာကို စွန့်ရပါတယ်။ "ဘဝမှာ သွပ်သိပ်ထိုးထည့်ထားတဲ့ ပစ္စည်းနည်းလေ စွမ်းရည်တွေကို ပိုထုတ်ဖော်နိုင်လေဖြစ်တယ်"။ ပြဇာတ် တစ်ခုမှာ လူတစ်ယောက် အခြားလူတစ်ယောက်ကို "သွားပါ.. နောက်မ လှည့်ကြည့်စတမ်း ထွက်သွားပါ။ မဖြစ်မြောက်မချင်း မပြန်လာပါနဲ့"လို့ ဆိုတယ်။ ဆိုလိုချင်တာက လက်ရှိနေရာကခွာခိုင်းပြီး အတိတ်က ဖြစ်ခဲ့ သမျှအရာတွေထဲ သူနစ်ဝင် မနေစေချင်လို့ဖြစ်တယ်။

စိတ်ဝိညာဉ်ကို လှဲကျင်းတာဟာ ရုန်းကန်လှုပ်ရှားမှုတစ်မျိုးဖြစ်တယ်။ လူ့ဘဝဆိုတာ အမြဲတမ်း လက်ပြနှုတ်ဆက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဇာတိမြေကိုခွဲခွာရတယ်။ နာကျင်ကြေကွဲသူက နာကျင်ကြေကွဲခဲ့ဖူးတဲ့နေရာကို နှုတ်ဆက်တယ်။ သိမ်းငှက်တွေက ငြိမ်းအေးသက်သာတဲ့ဘဝကို နှုတ်ဆက်ရတယ်။ ပျော်ရွှင်ခြင်းက
ကြေကွဲခြင်းကို နှုတ်ဆက်ရတယ်။ နှုတ်ဆက်ခြင်းမရှိရင် ကြီးပြင်းခြင်း ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြံ့ခိုင်သန်မာဖို့အတွက် ခေါင်းငဲ့လှည့် ထွက်ရဲရတယ်။ ပိုကောင်းတဲ့တွေ့ဆုံခြင်းအတွက် ခွဲခွာတာဖြစ်တယ်။

(၂) လက်လွတ်တာဟာလည်း ခွင့်လွှတ်သည်းခံခြင်းတစ်မျိုး

လူတစ်ယောက်ကလည်း နိုင်ငံတစ်နိုင်ငံနဲ့တူပါတယ်။ ခွင့်လွှတ်သည်း
ခံခြင်း မရှိရင် ကြီးပြင်းဖြစ်ထွန်းတာတွေ ရှိမှာမဟုတ်ဘူး။ အောင်မြင်တဲ့ အချက်တွေ ထဲမှာ စိတ်သဘောထားကြီးမြတ်တာက ပထမ၊ ဒါမှမဟုတ် ခွင့်လွှတ် သည်းခံခြင်းက ပထမဆိုရင်လည်း မှားမယ်မထင်ပါဘူး။

တစ်ခါတလေမှာ တုန့်ပြန်တိုက်ခိုက်မယ့်စကားကို လက်လွတ်လိုက် တာ၊ ဒေါသထွက်တဲ့အပြုအမှုကို လက်လွတ်လိုက်တာ၊ ကလဲ့စားပြန်ချေမယ့် ဆန္ဒကိုလက်လွတ်လိုက်တာဟာလည်း ခွင့်လွှတ်ခြင်း တစ်မျိုးပဲဖြစ်တယ်။

ထက်မြက်တဲ့လူတွေက ဖြေရှင်းချက်ပေးတာကို အမြဲလက်လွတ်ကြ တယ်။ ဖြေရှင်းချက်ဆိုတာ အကာအကွယ်လို့ လူအများက မြင်ကြတယ်။ "တချို့အချိန်အခါမှာ ဖြေရှင်းချက်ဆိုတာ မလိုပါဘူး။ ရန်သူက သင့်ဖြေရှင်းချက်ကို မယုံဘူး။ သူငယ်ချင်းက သင့်ဖြေရှင်းချက်ကိုမလိုဘူး။ ဒါကြောင့် ကိစ္စတော်တော်များများမှာ နဂိုကတည်းက ဖြေရှင်းချက်ဆိုတာ လိုကိုမလိုတာပါ။ ကောင်းကင်မကြည်လင်တာ မိုးသဲသဲမည်းမည်း ရွာမချလို့ပါ။ သဲသဲမည်းမည်းရွာချခဲ့ရင် ကောင်းကင်က ကြည်လင်သွား ပါတယ်။

အောင်မြင်တဲ့လူတွေဟာ အဆူအဆဲခံရမှာကို မကြောက်ကြဘူး။
အကြောင်း က အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်းဆိုတာရှိတယ်၊ လူတွေနဲ့ ထိတွေ့ ဆက်ဆံရတယ်၊ လူတချို့ရဲ့ မကြည်လင်တာကိုခံရတယ်။ တကယ်တော့ လောကမှာ ၁ဝဝ%အပြည့်ဆိုတဲ့အရာက နည်းပါးလို့ ၅ဝ%သော လူတွေက သင့်ကိုအားပေးထောက်ခံရင်ပဲ မဆိုးတော့ပါဘူး။ ဆန့်ကျင်ဝေဖန် တာတွေကို ခံနိုင်ဖို့ ကိုယ်တိုင်လေ့ ကျင့်ယူရတယ်။ ဝေဖန်ချက်တွေထဲကနေ အကြံဉာဏ်ယူရဲရတယ်။ ဆန့်ကျင်ဝေဖန်သူတွေကို မကျေမနပ် မဖြစ်ပါနဲ့။ သူတို့မှာလည်း သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေရှိနိုင်တယ်။ သူတို့နဲ့ ငြင်းခုန်ရန်ဖြစ်ဖို့ သင့်ခွန်အားကို မဖြုန်းတီးပါနဲ့။ သင်ရှေ့ဆက်ခရီးနှင်ရဦးမယ်။

(၃) အချိန်က အလှတွေကို ဖန်တီးတယ်

လူတိုင်းလိုလိုမှာ နာကျင်ကြေကွဲရာနေရာတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက်လည်း အဆန်းတော့မဟုတ်ပါဘူး။ တချို့အရေး ပါတယ်ဆိုတဲ့နေရာတွေ-- ဥပမာ-- ဇာတိမြေ၊ မိခင်ကျောင်း၊ အချစ်ဦးနဲ့ တွေ့ခဲ့ရနေရာ.....စတဲ့.... စတဲ့နေရာတွေကို စိတ်လိုလက်ရပြန်လာသူတွေ နည်းကြတယ်။ အဲဒီနေရာတွေမှာ ဇာတ်လမ်းတွေ၊ အတည်ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့လို့ဖြစ်တယ်။ အဲဒီနေရာကိုပြန်ရောက်ရင် အတိတ်ကိုပြန် တမ်းတမိပြီး နာကျင်ကြေကွဲရတယ်။
အရာအားလုံးကို သိမြင်သွားတဲ့အချိန်က ဆုံးရှုံးစရာတွေ ဘာမှမရှိတော့ ဘူးလို့ သိတဲ့အချိန်ဖြစ်တယ်။ အချိန်က အရာရာကိုတိုက်စားသွားပြီးလှပတဲ့ အမှတ်တရတွေ၊ နုပျိုတဲ့ အမှတ်တရတွေ၊ ကြီးပြင်းတဲ့ အမှတ်တ ရတွေ၊ ရုန်းကန်ခဲ့တဲ့ အမှတ်တရတွေကိုပဲ ချန်ခဲ့ပါတယ်။ ပုခုံးချင်းတိုက် သွားတဲ့ နှုတ်ဆက်အပြုံးတွေ၊ အထီးကျန်ညထဲက နွေးထွေးတဲ့ အလင်းရောင်တွေ ဒါတွေကို အမှတ်တရချန်ခဲ့ပါတယ်။ ကျောင်းအထိမ်း အမှတ်ပွဲ တော်တော်များများကို ကျွန်တော်တက်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့်မျက်စိကိုစွတ်စိုစေခဲ့တာက ငွေရောင်ဆံပင်တို့ရဲ့ ပြန်လည်တွေ့ဆုံခြင်း မျက်ရည်တွေပဲဖြစ်ပါတယ်။ အချိန်က သံမဏိလိုမာကျောတဲ့
အသဲ ဝိညာဉ်ကို ပျော့ပျောင်းစေခဲ့ပါတယ်။မနာလိုဝန်တိုခြင်းဆိုတာ နီးစပ်တဲ့နေရာ၊ နီးစပ်တဲ့နယ်ပယ်မှာဖြစ်ပွားပြီး သဘောထားကွဲလွဲမှုဆိုတာ စိတ်ဝင်စားမှုတူညီတဲ့အရာက စဖြစ်ပွားတယ်လို့ စိတ်ပညာရှင်တွေက ဆိုခဲ့ပါတယ်။ သက်ရှိသတ္တဝါအားလုံးက ပြင်းထန်တဲ့ ရုန်းဆန်မှုတွေမှာ ဇာတိရုပ်ပေါ်ပါတယ်။ သက်ရှိသတ္တဝါတွေက မျိုးပွားမြန် ဆန်တဲ့ အလေ့အထဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့ အခြေအနေမှာ ရှင်သန်ဖို့ ရုန်းကန်ကြရတယ်။ အပြင်းထန်ဆုံး ရုန်းဆန် မှုတွေက တူတဲ့မျိုးရိုးအုပ်စုအချင်းချင်းတွေမှာ ဖြစ်ကြတာများတယ်။ သူတို့ က တစ်နေရာတည်းမှာ အတူနေကြပြီး တူတဲ့စားနပ်ရိက္ခာတွေကို လိုအပ် လို့ဖြစ်တယ်။

ပြင်းထန်ထိတ်လန့်စရာ ဆက်ဆံရေးတချို့က အချိန်နဲ့အကွာအဝေးကို လိုပါတယ်။ အကွာအဝေးဝေးလေ ပြင်းထန်မှုက လျော့နည်းလေလို့ ခံစားရတယ်။ အဝေးကနေကြည့်ရင် အရာရာတိုင်းက လှပနေတတ်ပါတယ်။

ဒါကြောင့် ဖြေရှင်းလို့မရတဲ့အရာတွေအတွက် ကျွန်တော်တို့ ဝမ်းနည်းစိတ် ညစ်နေစရာ မလိုပါဘူး။ ဒီ့ထက် ပိုဖြေရှင်းရခက်တဲ့အရာတွေလည်း အချိန်ရဲ့တိုက်စားမှုနောက် မျောပါသွားကြပါတယ်။ မတော်တဆပဲဖြစ်ဖြစ်၊ အထင်လွဲတာပဲဖြစ်ဖြစ်၊ အရေးမလုပ်တာပဲဖြစ်ဖြစ်၊ တွေဝေတာပဲဖြစ်ဖြစ် .. အရာအားလုံးကို အချိန်က တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်။


အချစ်

အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။ အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှုမြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊ ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည် လာခဲ့သည်။
အချို့က အချစ်သည် အေးမြသော သဘောကိုဆောင်ကြောင်း၊ အချို့က ပူလောင်သော သဘောကို ဆောင်ကြောင်း၊ အချစ်ဆိုသည်မှာ မည်သို့ မည်ပုံဖြစ်ကြောင်း နည်းလမ်းအမျိုးဖြင့် သရုပ်ဖော်ကြသည်။

အချစ်ကို စိတ်ပျက်သူရှိသလို၊ အချစ်ကို နှစ်သက်သူရှိသည်။ အချစ်သည် ဘဝတစ်ခုတည်ဆောက်ရာတွင် မည်သို့မည်ပုံ အရေးပါသည် စသည်ဖြင့် အမျိုးမျိုးညွန်းဆိုကြသည်။ အချစ်အကြောင်း နိဒါန်းသွယ်ရုံမျှ စာမျက်နှာ တစ်ရာမက ဖြစ်သွားချေလိမ့်မည်။ စာဖတ်သူတို့ကို မျှဝေလိုသည့် အချစ်အကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ဓမ္မတရား
အခြေခံ အချစ်၏အဓိပ္ပါယ်ပင်တည်း။

အချစ်ဟူသော သံယောဇဉ်မှာ အင်မတန်ပင်ဖြတ်ရခဲသော ကြိုးဖြစ် သည်။ မြတ်စွာဘုရားရှင်၏ ပါရမီဖြည့်ကျင့် သော ဘဝတွင်ပင် ခက်ခက် ခဲခဲဖြတ်ခဲ့ရသော ကြိုးဖြစ်ချေသည်။ တိတိကျကျ ညွန်းဆိုရသော် သံယောဇဉ်တရား ၁၀ပါးမှ ကာမရာဂသံယောဇဉ် ဖြစ်ချေသည်။ သံယောဇဉ်ဟူသည့် အဓိပ္ပါယ်မှာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်
ရအောင် (ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သော တရား (သံယောဇဉ်ကြိုး) ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ကာမရာဂသံယောဇဉ်ဟူသည် သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကာမဂုဏ် (ကိလေသာ အခြေခံ) (ကြိုးဖြင့် ချည်နှောင် ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား ဟုဖြစ်ချေသည်။ ယင်းတရားကို ဆက်လက်တည်တံ့အဓွန့်ရှည်စေရန် ကူညီထောက် ပံ့နေသော တရားအစုဖြစ်သည့် အာသဝေါ၊ သြဂ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ တို့လည်း ရှိနေသည့်အတွက် အချစ်ဟူ သည် မဂ်ဖိုလ်နိဗ္ဗာန် မရမချင်း မိမိတို့၏ သဏ္ဍန်၌ အစဉ်အမြဲ ကိန်းအောင်းနေမည်သာဖြစ်သည်။

ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့သည့် ဘဝတစ်ခု (ဝေဿန္တရာ ဇာတ်တော်) တွင် အချစ်၏ ဂုဏ်သတ္တိကို တွေ့နိုင်ချေသည်။ စွန့်ကြဲပေး ကမ်းခြင်း ပါရမီဖြည့်ကျင့်ရာ စွန့်ကြဲပေးကမ်းသည့် အလောဘ ဟူသည် ဆန့်ကျင်ဘက် လောဘကို နိုင်နှင်းစေသည်။ ထိုသို့ လောဘတရား
ကို ဖြတ်တောက်ရာတွင် ရွှေ၊ငွေ၊ဂုဏ် စည်းစိမ်ကို စွန့်လွတ်ရန် လွယ်ကူသော်လည်း ကာမရာဂ သံယောဇဉ်အခြေခံ ကာမဂုဏ်အာရုံ (ဇနီး၊သားသမီး) တို့ကို စွန့်လွတ်ရန် ဝေဿန္တရာ မင်းကြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။ သူအလွန်ချစ်သော ဇာလီနှင့် ကဏှာဇိန် တို့ သားသမီးနှစ်ဦးကိုသာမက မယားကျင့်ဝတ်နှင့် ပြည့်စုံသော ချစ်ဇနီး မဒ္ဒီဒေဝီကိုပင် အလှူသည်အထိ စွန့်လွတ်ခဲ့သည်။

ဤတွင် နားမလည်သူများက တော်တော် အကြင်နာတရား ကင်းမဲ့သော ဝေဿန္တရာမင်းကြီးဟု ထင်မြင်စရာရှိသည်။ အမှန်စင်စစ် စွန့်လွတ်ရန် အင်မတန် ခက်ခဲသော ဘဝကို ထုံမွန်းစေသည့်၊ အဆက် မပြတ်စေသည့်၊ ၃၁ ဘုံမှ မကြွတ်ရလေအောင် ဖိစီး နှိပ်စက်တတ်သည့် ကာမရာဂ သံယောဇဉ် (အချစ်)၊ ပဋိက သံယောဇဉ် (အမုန်း) စသည်တို့ အပါအဝင်အခြားအခြားသော ကိလေသာတရားများကို ပါ ကြိုးစားဖြတ်ေ တာက် ပါရမီဖြည့်ကျင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရသည့် အင်္ဂါတစ်ရပ်တွင် ပါဝင်နေသော အချစ်ကို စွန့်လွတ်ခြင်းကို သာမန်လူတို့  ပြုနိုင်ခဲ့သည်။ အချစ်တွင် ချစ်သူရည်စားတင်မက၊ မိဘ၊သားသမီး၊ ဆွေ
မျိုး တို့ ပင်ပါဝင်နေချေသေးသည်။

ထိုကဲ့သို့ အချစ်၊အမုန်း၊ အားလုံး၏ အခြေခံမှာ ကိလေသာ ၁၀ပါးဖြစ်ချေ သည်။ လောဘ၊ဒေါသ၊မောဟ၊ မာန၊ ဒိဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိ က နှင့် အနုတ္တပ ဟူသော ကိလေသာတရား ၁၀ပါး အခြေခံပြီး ၁၅၀၀
သော ကိလေသာတို့ဖြစ်လာခဲ့သည်။ ယင်း ၁၅၀၀သော ကိလေသာတို့ကို
ပင် အချစ်ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။ ဆိုလိုရင်းမှာ ယင်း ၁၅၀၀ သော ကိလေသာတရားသည် အချစ်ဟူသော လောဘ ကို ဖြစ်တည်လာစေရန် ကူညီထောက်ပံ့သော အကြောင်းတရားဖြစ် သည်ဟု အဓိပ္ပါယ်ရချေသည်။ ထိုကို မသိနားမလည်သူတို့ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၁၅၀၀သော ကိလေသာသည် အချစ်တစ်ခုတည်းဖြစ်စေခြင်း မဟုတ်၊ လောဘ၊ဒေါသ၊ မောဟ အခြေခံ ၁၂ပါးသော အကုသိုလ် တရားများကိုဖြစ်စေပါသည်။

“ ဒါဆိုမချစ်ရတော့ဘူးလား ” ဟု စာဖတ်သူတို့၌ သံသယဝင်စရာရှိလာ ခဲ့သည်။ မှန်ပါသည်။ မချစ်၊ မမုန်း (လောဘ၊ ဒေါသ)လေလေ ပူလောင်မှု ကင်းဝေးလေလေဖြစ်ချေသည်။ ထို့ကြောင့် အချစ်ကို ပူလောင်စေသည် ဟုလည်း သတ်မှတ်သည့် ဆိုရိုးဖြစ်လာချေသည်။ အရာဝတ္ထု၊ ရုပ်နာမ် တစ်ခုခုအား နှစ်သက်စွဲလမ်းလျှင် ထိုစွဲလမ်းစိတ်၏ တရားကိုယ်ကို ရှာဖွေကြိုးစားဖြတ် တောက်နိုင်ချေသည်။ သို့သော် အချစ်သည်
မကောင်းဟု သိနေပင်တောင်မှ ဖြတ်မရနိုင်ခြင်းကား ဘဝအဆက်ဆက် ချည်နှောင်ထုံးဖွဲ့လာခြင်းကြောင့် ဖြစ်ချေသည်။ ထိုကို ဖူးစာ၊ ရေစက် ဟုပင် ခေါ်ဝေါ်ကြသေးသည်။ အမှန်စင်စစ် ၃၁ ဘုံမှ မကျွတ်လွတ် ရလေအောင် တစ်ဘဝပြီး တစ်ဘဝ ချည်ဖွဲ့လာသော သံယောဇဉ်၊ ကိလေသာ စသည်ဖြင့် တရားတို့ကြောင့် ဖြစ်ချေသည်။

အချို့က အချစ်ကိုအခြေခံပြီး ကောင်းလာသည်များရှိသည်ဟုဆိုသည်။ အချစ်ကြောင့် လိမ္မာလာသည်။ အချစ်ကြောင့် ဘဝတန်ဖိုးသိလာသည်။ အချစ်ကြောင့် စိတ်ကောင်းဝင်လာသည် စသည်ဖြင်စသည်ဖြင့် ညွန်းဆိုသော်ငြားလည်း ၄င်းမှာ အဆိပ်ပင်ရေလောင်းသကဲ့သို့ အချစ်ကိုပိုပို၍ နှစ်သက်စုံမက်လာ (ဘဝအဆက်မပြတ်)စေသော တရားများပင် ဖြစ်နေချေသေးသည်။

မချစ်အောင်ဘယ်လိုနေမလဲ?

ဤကား စာဖတ်သူတို့ သိချင်နေသော မေးခွန်းတစ်ရပ်ဖြစ်နေချေမည်။ ခက်ပါသည်။ အချစ်ဟူသော လောဘတရား(ကိလေသာ)များကို ရဟန္တာဘဝသို့ ရောက်မှ အပြီးသတ်စွန့်လွတ်နိုင်ချေသည်။ မဂ်ဖိုလ် ဥာဏ်ဆုံးခန်းတိုင်မှ အမှန်စင်စစ် လောဘကို သိမြင်နိုင်ချေသည်။
ပုထုဇဉ်တို့ ကား သိသာသိသည်။ မမြင်နိုင်သေးချေ။ မကောင်းမှန်း သိသော်လည်း ဖြတ်ရခက်နေသော ကြိုးဖြစ်နေချေသည်။

ထို့အတွက် စာဖတ်သူ ပုထုဇဉ်တို့ ဝမ်းနည်းနေစရာမလို။ ဒါဆို မချစ်အောင် နေမယ်ဟူ၍ လိုအပ်သည်ထက် (မိမိတက်နိုင်သည်ထက်)
ပိုမို ကြိုးစားဖြတ်တောက်ခြင်း မဖြစ်စေလို။ ၄င်းမှာ မိမိကိုယ်ကိုယ် နှိပ် စက်ခြင်းသာ ဖြစ်ပြီး အလယ်အလတ်လမ်းစဉ်၏ ဘေးကို ပင် ရောက်နိုင်ချေသေးသည်။

အချစ်တစ်ခုတည်းမဟုတ်။ လောဘ၊ဒေါသ၊ မောဟ ဟူသော တရား
များနှင့် ကြုံတွေ့လာတိုင်း အရာရာကို သတိနှင့် ယှဉ်ကာ နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားကျင့်ကြံခြင်း၊ ဝိပဿနာ တရားအားထုတ်ခြင်း စသည်တို့ဖြင့် အချစ်ဟူသော ပူလောင်မှုကို အေးချမ်းလာအောင် ပြုနိုင်ချေ သည်။ မိသားစုဘဝများကို တာဝန်ယူနေရမည်။ သားသမီးအပေါ် ဝတ္တရားကျေနေရမည်။ ဇနီး၊ခင်ပွန်း တို့အပေါ် ဝတ်တရားကျေနေရမည်။ သာမန်ထက်လွန်ကဲသော ချစ်ခင်နှစ်သက် (လောဘ)၊ မုန်းတီး (ဒေါသ) မဖြစ်စေရ။ မဂ်ဖိုလ်ရောက်ကြောင်း တရားများကိုပါ ကျင့်ကြံအားထုတ်လျှင် အချစ်ဟူသော ပူလောင်မှုများ ကင်းဝေရလေသည်။


Tuesday, January 26, 2016

ယောကျာင်္းလေးတွေ အတွက် တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

(၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

(၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

(၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

(၄) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေး အကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ
ပြန်ပေးပါလိမ့်မယ်။

(၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို
မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကို
ကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

(၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

(၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ
ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့
မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

(၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ
ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု
ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

(၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက်လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

(၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
-------------------------------


အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်သော အကြောင်းရင်း ၇ချက်

ယခုခေတ် လူငယ်တွေက တော်ရုံနဲ့ လက်မထပ်ကြတော့ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။

ကုန်ဈေးနှုန်းကကြီး စားစရိတ်နေစာရိတ်ကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုတာကို နေ့စဉ်ရက်ဆက် စဉ်းစားနေရလို့ပါ။

ဒါပေမယ့် အသက်ငယ်ငယ်မှာ လက်ထပ်ရင် အကျိုးရှိမယ့်အကြောင်းလေးတွေကိုလည်း တင်ပြပါရစေ။

၀၁. နှစ်ယောက်အတူတူနေတော့ အိမ်လခ သက်သာပါတယ်။

လက်ထပ်ပြီး နှစ်ယောက်အတူတူ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်ဆိုရင်တော့ အိမ်လခလည်း သက်သာမှာ ဖြစ်သလို အိမ်အလုပ်လေးတွေကိုလည်း တာဝန်ခွဲယူပြီး နေသွားနိုင်ပါတယ်။

၀၂. အကျင့်လေးတွေကို ပြင်လိုက်ကြရအောင်။

ငယ်ငယ်နဲ့ လက်ထပ်လိုက်တော့ လူငယ်အချင်းချင်းဖြစ်တာကြောင့် အတွေးအခေါ်ပိုင်းကို တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် ပြောင်းလဲယူသွားနိုင်တာကြောင့် ဘဝရဲ့ရည်မှန်းချက်ဆီသို့တန်းတန်းမတ်မတ်ရောက်မှာ အမှန်ပါ။

၀၃. လင်နဲ့မယား ဘဝရဲ့ အတွေ့အကြုံတွေကို ခံစားကြည့်ကြရအောင်။

သူငယ်ချင်းဘဝကတည်းက အတူတူနေထိုင်စားသောက်လာရာကနေ လက်ထပ်လိုက်ပြီဆိုရင် နှစ်ယောက်စလုံးဟာ ဘဝရေစီးကြောင်းမှာ မှန်မှန်ကူးနိုင်အောင် တစ်ယောက်နှင့်တစ်ယောက်သူငယ်ချင်းတွေလည်းဖြစ် ချစ်သူတွေလည်းဖြစ်တော့ ပိုပြီးခိုင်မြဲသော သံယောဇဉ်တွေနဲ့ အခက်အခဲကို ကျော်လွှားနိုင်မှာပါ။

၀၄. ငယ်တုန်းဆိုရင် ကလေးထိန်းနိုင်သည်။

ကလေးကိုကြည့်ရတာဟာ စိတ်ကောလူကော မောမှာဖြစ်တာကြောင့် အသက်ငယ်တုန်းမှာ ကလေးကိုယူထားရင်တော့ ခံနိုင်ရည်ရှိမှာပါ။နို့တိုက်အရွယ်ကလေးအရွယ်ဆိုရင် နေ့နှင့်ည ကိုမှားတဲ့အခါမျိုးလည်း ရှိတာကြောင့် အသက် ၃၀ မတိုင်မီမှာ ကလေးကို ယူနိုင်ရင်တော့အကောင်းဆုံးပါ။

၀၅. မိခင်တွေလည်း အလုပ်ပြန်လုပ်နိုင်ပါတယ်။

ယခုအခါမှာ အလုပ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အလုပ်ခွင့်ကိုပေးတဲ့အတွက် ကလေးမွေးဖွားပြီး အချိန်အတိုင်းအတာတစ်ခုအနားယူပြီးလျှင်အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတွေလည်းရှိလာပြီး ဖြစ်သောကြောင့် အသက် ၃၀ မကျော်မီကလေးယူလိုက်ရင်လည်း အလုပ်ပြန်လုပ်နိုင်မှာပါ။

၀၆. ကလေးတွေ အရွယ်ရောက်ရင် မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိနေမှာပါ။

ကလေးတွေ အရွယ်ရောက်ချိန်မှာ မိဘတွေက အသက် ၄၀ ပတ်ဝန်းကျင်ပဲရှိအုံးမှာဆိုတော့ ကိုယ့်ရဲ့အလုပ်ကိုသော်လည်းကောင်း လင်မယားနှစ်ယောက် ကိုယ်ပိုင်အချိန်လေးကိုပိုပြီး ပိုင်ဆိုင်နိုင်မှာပါ။

၀၇. ပိုက်ဆံမရှိသော အချိန်မှာ ကြိုးစားပြီး ပိုက်ဆံရှိသော အသက်အရွယ်မှာတော့ လွတ်လပ်သွားမှာပါ။

လူငယ်ဘဝမှာတော့ ပိုက်ဆံမရှိလည်း ပျော်အောင်နေတတ်ပါတယ်။ ကလေးအတွက်လည်း အပင်ပန်းခံနိုင်ပါတယ်။အသက် ၄၀ ကျော်ပြီး ပိုက်ဆံလေးလည်း နည်းနည်းရှိလာချိန်မှာတော့ကိုယ်နဲ့ ဇနီးအတွက်ကို အေးအေးဆေးဆေး စဉ်းစားလာနိုင်သော အချိန်ကောင်းဖြစ်မှာပါ။

*အသက်ငယ်စဉ်အချိန်မှာ အချစ်ရေးထက် ပညာရေးကို ဦးစားပေးပါလို့ မိဘတွေက သင်ကြားဆုံးမကြပါတယ်။

ငယ်တုန်း အိမ်ထောင်ပြုတာကောင်းသလား ပြည့်စုံမှ အိမ်ထောင်ပြုတာကောင်းသလားကိုတာကတော့ လူအမျိုးမျိုးမှာ ထင်မြင်ချက်လည်း အမျိုးမျိုးရှိမှာပါ။


ကျွန်တော်တို့ အမေ့ လေးကျင့်ကြည့်ကြပါစို့ လားခင်ဗျာ

ကျွန်တော်တို့ ငယ်ရွယ်တုန်းအချိန်တုန်းက “ မှတ်ဥာဏ်ကောင်းတာ ” ဟာ အင်မတန်ကောင်းပြီးအဲ့လိုမျိုးမှ မိုက်တယ်လို့ ထင်နေခဲ့တတ်ကြပါတယ်
ဒါပေမဲ့ ..လူလတ်ပိုင်းအရွယ် ရောက်လာတော့မှ ကျွန်တော်တို့ ကြုံတွေ့ ကြရတာ “မေ့ နိုင်တာ”ကသာလျှင်စစ်မှန်တဲ့ ကံကောင်းမှု့ ဖြစ်နေပြန်ပါတော့တယ်
........................
ဒီအချိန်မှာ ကျွန်တော်တို့ ဘဝတွေ မှာ ကိုယ့်ကိုမကောင်းပြောတာ အပြစ်ပြော တဲ့စကားတွေ ကိုယ့်ပတ်ဝန်းကျင်ကအတင်းအဖျင်းစကားတွေ ကိုမေ့ပစ်ချင်လာတယ် အကယ်လို့ မမေ့နိုင်ခဲ့ရင် ကိုယ့်ရဲ့ဘဝဟာလည်း မီးခိုးမှိုင်းကြားမှာလွင့်မျောနေရသလိုဖြစ်နေပါလိမ့်မယ်
...............
အတိတ်က ကြီးပွားခမ်းနားခဲ့ဖူးတာတွေ ကိုမေ့နိုင်ရမယ် ဒါဟာလက်ခံတတ်ခြင်းပါပဲ

အတိတ်ကကျဆုံးမှု့တွေ ကိုမေ့ပစ်နိုင်ရမယ် ဒါဟာ ရဲရင့်ခြင်းပါပဲ
................
တစ်စုံတစ်ယောက် ထားခဲ့ပေးတဲ့ဒဏ်ရာဒဏ် ချက်တွေ မေ့နိုင်ရမယ်
ဒါဟာ ခွင့်လွတ်ခြင်းပါပဲ

မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်ကလူတွေ ကိုယ့်အပေါ် ဂရုမစိုက်အလေးမထား တာတွေကိုမေ့နိုင်ရမယ် ဒါဟာသဘောထားကြီးခြင်းပါပဲ

အတိတ်က တစ်ပါးသူရဲ့ အမှားအယွင်းကို မေ့နိုင်ရမယ်
ဒါဟာ ကျေးဇူးတရားသိတတ်ခြင်းပါပဲ

တစ်ပါးသူ အပေါ်ထားရှိတဲ့ နာကျီးခြင်းတွေကိုမေ့ပစ်နိင်ရမယ်
ဒါဟာကြီးမားတဲ့မေတ္တာတရား ပါပဲ
.................................
မေ့တယ် ဆိုတာ မှတ်သား တာထက် အဆပေါင်းများစွာခက်ခဲပါတယ်
“မှတ်သားနိုင်တယ် ”ဆိုတာ “ တော်တာ ”
“မေ့ပစ်နိုင်တယ် ”ဆိုတာ “အသိဥာဏ်ရှိတာ” ပါ
.......................
သဘောထားကြီးတဲ့ သူ ဆိုတာ တစ်ပါးသူတွေရဲ့ ကောင်းကွက်တွေ ကိုပဲမှတ်သားထားတတ်တယ်
သဘောထားသေးသိမ်တဲ့သူ ဆိုတာ တစ်ပါးသူတွေရဲ့ အမှားနဲ့ မကောင်းတာတွေကိုပဲ မှတ်သားထားတတ်တယ်
တစ်ပါးသူရဲ့ ကောင်းကွက်ကို မမှတ်သားထားတတ်တဲ့သူမျိုးဟာ အသိတရားနဲ့ကျေးဇူးတရား ရှိဖို့ခက်ခဲတယ်
ဘဝမှာပျော်ရွင်မှု့ ရှိနိုင်ဖို့ ခက်ခဲလိမ့်မယ်
........................
ကျွန်တော်တို့ ဘဝတွေ ကမရှည်လျားလွန်းပါဘူး
မေ့သင့်တာတွေ မေ့ တတ်အောင်လေ့ကျင့် သင့်ပါတယ်

နှလုံးသားရဲ့ အခန်းတွေ တိုင်းမှာ နာကျည်းခြင်း မုန်းတီးခြင်း စိတ်နာခြင်းတွေ နဲ့ပဲပြည့်နှက်နေပြီးကောင်းမွန်တာတွေ အတွက်နေရာ မကျန်တော့ပဲ ဖြစ်မနေစေပါနဲ့
.....................

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

writer-သင်သိရင် သင်ချမ်းသာလိမ့်မယ်


ကျနော့အတွက်တော့

ကျနော့အတွက်တော့ ခင်ဗျား တို့ကြိုက်တဲ့ ..

စပါကတ်တီဆိုတာ နန်းကြီးသုတ်ကို ခရမ်းချဉ်သီးအနှစ်နဲ့ချက်တာပဲ..

ပီဇာဆိုတာ မုန့်ပစ်သလက်အထူဇားပဲ..လို့ထင်တယ်

ဟော့ဒေါ့နဲ့ ဘာဂါ ဆိုတာ သူတို့နိုင်ငံမှာ ..အလုပ်သမား အခြေ ခံလူတန်းစားတို့စား တဲ့ Junk food ပဲ..

ဆိုဂျူးဆိုတာ ပုလင်းအကောင်းထဲထည့်ထားတဲ့ ဆန်အရက်ပဲ
ဗော်ကာ ဆိုတာ ရေမွေးထည့်ထားတဲ့ BE ချက်အရက်ပဲ

ကင်ချီ ဆိုတာ မှန့်ညင်းချဉ်ပဲ...နှမ်းဖတ်ချည်ပဲ ..
သူတို့နိုင်ငံမှာ ..အသီးအနှံ ရှားလို့ စိုက်မရ လို့ ကြာကြာ အထားခံ အောင် အချဉ်စိမ်ထားတာ

ကိုယီးယား ပဲခေါက်ဆွဲ ဆိုတာ ပုန်းရည်ကြီးလောင်းချထားတဲ့ ခေါက်ဆွဲပြုတ်ပဲ..

အနောက်နိုင်ငံ ကလူတွေက ပိုက်ဆံရှိရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရှေ့ တိုင်းစာကို ဈေးကြီးပေးပြီးစား တယ်

ငါတို့ အရှေ့ တိုင်းက လူတွေက ပိုက်ဆံရှိရင် အဆီအဆိမ့် များတဲ့ အနောက်တိုင်းစာ ကို ဈေးကြီးပေးပြီးစားကြတယ် ..

ထားပါ ...အဲလို့ နိုင်ငံရပ်ခြား က ကိုယ်နဲ့မကိုက်ညီတဲ့ စားစရာတွေ ကြိုက်ပြမှ..လူအထင်ကြီးမယ် လူ၇ာဝင်မယ် ဘိုဆန်ပြမှ.. .အဆင့်အတန်းရှိမယ်လို့ ထင်နေရင် တော့

ကျနော့ကို အဆင့်မရှိတဲ့ကောင် အညာသား လို့သာသတ်မှတ်လိုက်ကြပါတော့....

လူအထင်ကြီးလေးစားခံချင်ရင် ကိုယ်ကျင့်တရားကိုပဲ တည်ဆောက်မယ် ကိုယ်မကြိုက်တဲ့ .ဟန်ဘာဂါ ကို နေ့တိုင်းဝယ်စား ပြမနေနိုင်ဘူးဟေ့ ..

ခရမ်းချဉ်သီး ငပိချက်နဲ့ အတို့အမြှုပ် ပဲ. .စားမယ်..ဒါဗြဲ..

မောင်ပေါက်